'ဖုယွင်ရှီး ပြန်ပေးတဲ့ မက်လုံး'
ဟူးးးး ........
သက်ပြင်းမောချကာ
"ကောင်လေး ၊ ဦးလေးရောဂါ ကုလို့ပျောက်နိုင်မယ်လို့ တော့မမျှော်လင့်ထားဘူး၊ ဦးလေးသား ယွင်ရှီး အတွက်ပဲ စိုးရိမ်ရတာ"
ဖုရင်က ..ရှန်လျန်အား မျှော်လင့်တကြီးကြည့်ကာ
"စောနက သားတို့စကားဝိုင်းကို ဦးလေးနားစွန်နားဖျားကြားလိုက်တယ်၊ ရှန်သခင်လေးက တစ်ကယ်ပဲ ဦးလေးရဲ့သားကို ကူညီပေးမှာလား"
သူ့ခန္ဓာ ကိုယ်က ပင်ပန်းနေပြီဆိုပေမယ့် သေရမှာ သူမကြောက်ပေ။ သူ့သားလေးရဲ့ နာမည်ပျက်စာရင်းကို သာ သူမသေခင် ပြန်ပယ်ဖျက်ပေးနိုင်ရင်၊ သူလဲ မသေနိုင်တော့ဘူးထင်တယ်။
"ကျွန်တော် လုံးဝ မနောက်ပြောင်ပါဘူး၊ ရှုရှုကိုယ်တိုင်က လိုက်လိုက်လျောလျော ပူးပေါင်းပေးသရွေ့ ရောဂါကို တကယ်ကုပေးနိုင်ပြီး၊ ၃လ နဲ့ ပျောက်ကင်းသွားလိမ့်မယ်"
ဖခင်ရဲ့ မေတ္တာ တွေကို မြင်တဲ့ အခါ ရှန်လျန်သည် သူ့မှာ အတွေ့အကြုံ မရှိပေမယ့် ယုံကြည်ချက် အပြည့်ရှိလာသည်။
သူ့ဖေဖေသာ သက်ရှိထင်ရှားရှိသေးရင် ရှန်မိသားစုဝင်တွေ ကို သူ့အပေါ်အနိုင်ကျင့်ခွင့် ပေးမှာ မဟုတ်ဘူး။
"ဦးလေးက အရေးမကြီး ပါဘူးသခင်လေးရယ် ၊ ယွမ်ရှီးကိုသာ ကူညီ...."
"အဖေ!"
ဖုယွင်ရှီး ဆက်နားမထောင်နိုင်တော့ပေ။ စကားဖြတ်လိုက်ပြီး ရှန်လျန်ကိုပြောသည်။"အဖေ့ ရောဂါကိုအဓိက ကုသ ပေးနိုင်ရင် ၊ ကျွန်တော့ နာမည် ဆိုး ကိုမဖျောက်ပေးနိုင်လဲ ရတယ်၊ ဖုယွင်ရှီးရဲ့ အသက်ကို သခင်လေးပိုင်တယ်"
"ကောင်းပြီလေ"
ထပ်တစ်ကြိမ်ပြောရန် သူမတောင်းဆိုတော့ချေ ။"မင်းမှာ စုတ်တံနဲ့မင်ရည် ရှိလား"
"မစမ်းသပ်တော့ဘူးလား?"
ဆေးစာ ရေးပေးတော့မည်ကိုသိသော အခါ မစစ်ဆေးပဲ တန်းရေးလို့ရပါ့မလားဟု ဖုယွင်ရှီး အံ့ဩမိ၏။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Fiction HistoriqueCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .