'ဒဏ်ရာရတာရော ဟုတ်ရဲ့လား?
ဧကရာဇ် ကိုယ်တိုင်နန်းပြင်ထွက်ပြီး စစ်ဆေးပြီ'ကျုံးလင်ခြံဝန်းကို ယောင်းကွမ်၊လေ့ကျန်းနဲ့အတူ ရှန်လျန် သည် ညသန်းခေါင် မတိုင်မီတွင် ပြန်ရောက်ခဲ့သည်။ သူ မရှိသည့်အချိန် ပင်မအိမ်တော်က သိသွားခြင်း၊လာမေးမြန်းခြင်း မရှိသည်ကို အတည်ပြုလိုက်သည်။ အခြေအနေက ထူးထူးဆန်းဆန်း ငြိမ်နေသော်လည်း ရှန်လျန် ဂရုမစိုက်ပါ။
မိုးကလည်း ဆက်လက် ရွာသွန်းနေပြီး နောက်တစ်ရက်မနက်တွင် ချင်ဖင်းမြို့စားကြီးရဲ့ သေဆုံးခါနီး သတင်းက ညီလာခံမှာ ပျံ့နှံ့သွားခဲ့၏။ ဧကရာဇ်မင်း ကိုယ်တိုင်ပင် မြို့စားထံ ကြွရောက်ကြည့်ရှုရန် စီစဉ်ခဲ့သည်။
"သခင်.. ဘုရင်နဲ့ နောက်လိုက်နောက်ပါတွေ နန်းတော်က စထွက်လာပါပြီ၊ သူနဲ့အတူ ပုရောဟိတ်၃ဦး၊ အမတ်ချုပ်ကြီးနဲ့ ဝန်မင်း ၅ဦး ပါပါတယ်"
ကျုံးလင်ခြံဝန်းတွင် လေ့ကျန်း ယူလာပေးသော အရိပ်တပ်သားအဖွဲ့မှ စုစည်းထားသော ဆေးကျမ်းစာအုပ်များကို ရှန်လျန် ဖတ်ရှုနေခြင်းဖြစ်၏။ သတင်းပို့သံကြားသော် မထီတရီပြုံးကာ
"သံသယစိတ်က ကိုယ့်သေတွင်းကိုယ်တူးတာပဲ၊ သူ့မျက်စိနဲ့ကိုယ်တိုင်သွားကြည့်ပါစေ၊ သံမဏိတပ်သားတွေလည်း သတင်းရပြီးလောက်ပြီ.. သူတို့ကြိုတင်ပြင်ဆင်ထားလိမ့်မယ်"
ရှန်လျန် စိတ်ပူခြင်းအလျဉ်းမရှိပါ၊ ဖေးယွမ်ရွှင်းသာ အစထဲက အသုံးမကျလျှင် ခုလောက်ထိ အသက်ရှင်လျက် နေနိုင်လိမ့်မည်မဟုတ်ပါ။
"ဝမ်ဖေး ကျွန်တော်ပြန်သွားကြည့်လိုက်ရမလား"
ယောင်းကွမ်က အတော်လေး စိတ်ဝင်စားနေကာ သူ့အကြည့်တွေထဲမှာလည်း အနည်းငယ် စိုးရိမ်ပူပန်နေဟန်နှင့် ။
ရှန်လျန် တစ်ချက် မော့ကြည့်လိုက်ပြီး
"သွားလေ.. မျက်နှာကို ကာသွားဦး"
"ဝမ်ဖေး စိတ်ချပါ၊ ထျန်းရှုကလွဲရင် ကျန်တဲ့သံမဏိတပ်သားအားလုံး ဘယ်သွားသွား မျက်နှာဖုံးကာထားရတာပါ၊ ဘယ်သူမှ ကျွန်တော်တို့ကို မမြင်ဖူးစေရ ပါဘူး"
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historical FictionCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .