ch155'တန်ပြန် တိုက်စစ်

2.2K 391 20
                                    

'တန်ပြန် တိုက်စစ်  '

‌မျှော်လင့်ထားတဲ့ အတိုင်း ရှန်လျန်တို့ အစားအစာဝေတဲ့ တတိယနေ့မှာ လူကုံထံ သားသမီးတွေနဲ့ ဇနီးသည်တွေပါ  ဆန်ပြုတ်နဲ့ ပေါက်စီဝေဖို့ လာကူညီကြသည်။

ထိုသို့ အားတက်သရော ပါဝင်လှုပ်ရှားမှုကြောင့် သေချာပေါက် နာမည်ကောင်းရသွားကြသည်။ သို့ရာတွင် အချိန်ကောင်းက ရေရှည်မခံချေ။ကြင်နာနွေးထွေးခဲ့သည့် စိတ်က အဆုံးထိရောက်သွားသည်နှင့် မြန်မြန်ပဲ ထွက်ပြေးသွားကြတော့သည်။

ရှန်လျန်တို့ သူငယ်ချင်းသည်သာ ပုံမှန်အတိုင်း ကိုယ်တိုင်ကိုယ်ကျ အစားအစာပေးဝေနေဆဲဖြစ်၏။ တစ်နေ့ထက်တစ်နေ့ တိုးပွားလာသော အလှူရှင်များကြောင့် ရှန်လျန်တို့၏ ဝါးချောင်းသည်လည်း အရေအတွက် များသထက်များများ ပေးဝေနိုင်ခဲ့သည်။ မေတ္တာအစစ်အမှန်ကို လက်ခံရရှိတဲ့ ရေဘေးဒုက္ခသည်တွေမှာတော့ သခင်လေးငါးယောက်အား အသက်ရှင်လျက်ရှိတဲ့ နတ်ဘုရားတွေဟု ထင်မှတ်ထားကြတော့၏။

ရက်အနည်းငယ်ကြာသောအခါ မိဖုရားခေါင်၏ ဝမ်းနည်းခြင်းဈာပနအခမ်းအနားက ပြီးဆုံးသွားကာ ဧကရာဇ်ကိုယ်တော်တိုင် ရုပ်ကလာဘ်တော်အား လိုက်ပါပို့ဆောင်သည်။ တော်ဝင်မိသားစုအမျိုးအနွယ်များ အားလုံးလိုက်ပါပို့ဆောင်ကြပြီး မှူးမတ်ဝန်မင်းများ၊အမှုထမ်းအရာရှိများအားလုံး ပိတ်ဖြူစဝတ်ဆင်ကြသည်။ လူပေါင်းသောင်းချီ သတိရလွမ်းဆွတ်သည့်အနေဖြင့် အသံတိတ်လျက် ကြီးမားသည့်လူတန်းကြီးက မိဖုရားခေါင်၏ ရုပ်ကလာဘ်တော်အား တော်ဝင်သင်္ချိုင်းတွင် မြှုပ်နှံသင်္ဂြိုဟ်လိုက်ကြသည်။

နောက်တစ်နေ့ကူးပြောင်းသည်နှင့် လူတိုင်း လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရပြီဖြစ်သည်။ လက်ထပ်၊ထိမ်းမြား၍လည်း ရလေပြီ။

ဘုရင်အိုကြီးက ဖေးယွမ်ရွှင်းမှ ချက်ချင်းထကာ ရှန်လျန့်အား လက်ထပ်ခွင့်တောင်းမည်ကို အလွန် စိုးထိတ်နေသည်။ ယခုဆိုလျှင် ပြည်သူတွေက ရှန်လျန့်အား အလွန်ထောက်ခံအားပေးနေကြသည်။ နောက်ကွယ်က အားဖြည့် ထောက်ပံ့ပေးနေသည့်မိသားစုကိုလည်း လစ်လျူရှုထား၍ မရချေ။

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now