'နောက်ဆက်တွဲ မြင်ကွင်း'
ရှန်လျန့်ကို ချင်ဖင်းအိမ်တော်က လူအားလုံး ထွက်ကြိုဆိုကြတဲ့မြင်ကွင်းက လူအတော်များများကို မကျေမနပ်ဖြစ်သွားစေသော်လည်း ရက်အနည်းငယ်အတွင်း မြို့စားမင်းသေဆုံးရတော့မှာကို ပြန်တွေးမိလိုက်မှ စိတ်ချမ်းသာသွားကြတော့၏။ မည်သူမှ မတွေးမိသည်က ဖေးယွမ်ရွှင်းမှာ မသေသေးသည့်အပြင် သူ့ရဲ့လှပတဲ့ ဝမ်ဖေးကိုပါ ပျော်ပျော်ရွှင်ရွှင် ဖက်ပွေ့နေနိုင်သေး၏။"ဧကရာဇ်ကတော့ သေအောင် အမျက်ထွက်နေတော့မယ်၊ နောက်ကျရင် ဘယ်သွားသွား စောင့်ရှောက်ဖို့ လူပိုခေါ်သွားနော်၊ အနီးကပ်လူနဲ့ အဝေးက စောင့်ရှောက်မယ့်လူ နှစ်သုတ်ခွဲခေါ်သွားပေါ့"
လူနှစ်ဦးမှာ ထွေရာလေးပါး ပြောဆိုနေကြပြီး ရုတ်တရက် ဖေးယွမ်ရွှင်းက အလေးအနက် မှာကြားလာ၏။ တော်ဝင်အမိန့်စာ ထုတ်ပြန်ခြင်းနှင့်အတူ သူတို့နှစ်ယောက်ကို ဘုရင့်အမိန့်ဖြင့် လက်ထပ်ခွင့်ပြုလိုက်ခြင်းဖြစ်ရာ ဧကရာဇ်က မည်သည့်အကြောင်းနှင့်မှ အမိန့်ပြန်သိမ်း၍ မရတော့ပေ။ အပြင်ပန်းမှာ မြို့စားမင်းရဲ့ ကံကောင်းခြင်း၊ပျော်ရွှင်ခြင်းကိုဖြည့်ဆည်းပေးသည့်ပုံသက်ရောက်သော်လည်း ၊တစ်ကယ့်တစ်ကယ်တမ်းနောက်ကွယ်မှာ ဘာတွေကြိတ်ကြံနေမလဲ ခန့်မှန်းရခက်လေ၏။ ရှေးလူကြီးတွေ ဆိုခဲ့သည့်စကားတောင် ရှိသေးသည်။ သေနတ်ကိုရှောင်ရန် လွယ်ကောင်းလွယ်နိုင်ပေမယ့် ပုန်းကွယ်ချိန်ရွယ်ထားသည့် မြားတံကိုမူ ရှောင်ရခက်ချေသည် ဟူ၏။
(Tn. ခေါင်းမရှုပ်သွားပါနဲ့၊ ရှေးခေတ်က sniperမရှိဘူးလေ .. ယမ်းသေနတ်က ပစ်တာနီးတော့ ရှောင်ကောင်း ရှောင်နိုင်မှာပေါ့"
သွေးထွက်လွန်ရောဂါကိုဖော်ထုတ်လိုက်ပြီ ဆိုမှတော့ အားလုံးက အခွင့်အရေးကို ချောင်းနေလောက်သည်။
"ဟုတ်ပါပြီ... ခင်ဗျားလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး ၊ ဘုရင်အိုကြီးက ကျွန်တော့်ကို ပစ်မှတ်ထားမှာ မဟုတ်ဘူး၊ ခင်ဗျားရဲ့ အဆိပ်ခန္ဓာကိုယ်က ကျွန်တော့်ထက်တောင် ပိုသတ်ရလွယ်သွားပြီ"
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Tarihi KurguCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .