Love You So Much (part-1)

230 17 0
                                    

အပိုင်း(၁)
.
.
.
နွေရာသီတစ်ခု...

ကျွန်တော်ဘူချွန်းမှာနေတုန်းကပေါ့ နွေရာသီကျောင်းပိတ်ရက်ဆိုရင် အိမ်နားမှာအနားယူလို့ကောင်းတဲ့ အပင်အိုကြီးတစ်ခုရှိတယ် အဲ့အောက်မှာလည်း လူနှစ်ယောက်စာ အေးဆေးလှဲနေလို့ရတဲ့ ကွပ်ပျစ်ကျယ်တစ်ခုရှိတယ်

သူငယ်ချင်းတွေနဲ့ပဲ ဆော့ရင်ဖြစ်ဖြစ် အနားယူချင်ရင်ပဲဖြစ်ဖြစ် အဲ့အပင်နားမှာပဲကျွန်တော်နေဖြစ်တယ်

တစ်ရက်ကျတော့ ကျွန်တော် စတော်ဘယ်ရီအရသာ ရေခဲထုပ်လေးစားရင်း ကွပ်ပျစ်ပေါဲမှာ အနားယူနေတုန်း ကျွန်တော့်ရှေ့ကလမ်းပေါဲမှာ ကားတစ်စီးလာရပ်တယ်။

ကားပေါဲကိုလှမ်းကြည့်မိတော့ မျက်မှန်အမည်းနဲ့လူတစ်ယောက်...
ဘုရားရေ သူ့မျက်နှာက ဘာတွေစားလို့ ဒီလောက်ကြည်လင်ချောမောနေပါလိမ့်လို့ စိတ်ထဲမှာတွေးမိတယ်

မကြာဘူး အဲ့လူက ကားပြတင်းပေါက်ကနေ "ချာတိတ် ဒီနားမှာ ကားဓါတ်ဆီဆိုင်ဘယ်နားရှိလဲ" လို့မေးတယ်။ ဘယ်လိုလူပါလိမိ့ လူကိုများ ချာတိတ်တဲ့။

ထားပါတော့ "ဟို... ရှေ့တည့်တည့်အတိုင်းသွားပြီးရင် ညာဘက်ကိုကွေ့လိုက်ပါ ပြီးရင် အဲ့နားက ပထမဆုံးလမ်းထဲကို၀င်ပြီးရင် လမ်းအလယ်လောက်ဆိုရင် ရောက်ပြီဗျ" အဲ့တော့မှသူက ကျေးဇူးတင်ကြောင်းပြောပြီး ကားမောင်းထွက်သွားတယ်။ ဘာရယ်ကြောင့်မှန်းတော့မသိဘူး သူ့မျက်နှာကိုတော့ မှတ်ဉာဏ်ထဲကနေဘယ်လိုမှ မေ့မရခဲ့ဘူး...

နောက်တစ်ရက်...

ကျွန်တော့်အိမ်ရဲ့ တစ်လမ်းကျော်မှာ shopping mall တစ်ခုဆောက်မလို့ဆိုပြီး အလုပ်သမားတွေ အသည်းအသန် အလုပ်လုပ်နေကြလေရဲ့။

ကျွန်တော်ကတော့ ထုံးစံအတိုင်းသူငယ်ချင်းဖြစ်သူ Kyungsoo နဲ့ ရပ်ကွက်ထဲစက်ဘီးပတ်စီးနေခဲ့တာ သူကကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းအရင်းခေါက်ခေါက် ပြောမနာဆိုမနာတွေဖြစ်နေတာကြပြီ

တစ်ခါတစ်လေ သူဒေါသထွက်ရင်တော့ တခြားလူအဖြစ်ပြောင်းလဲသွားပြီး ကြောက်စရာကောင်းလာပြန်ရော ကျန်တဲ့ အချိန်တွေကျရင်တော့ သူက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပဲ ချစ်စရာလည်းကောင်းတယ်

သူက နွေရာသီပြီးရင် ဆိုးလ်မှာကျောင်းတက်ဖို့အတွက်ပြင်ရတော့မှာတဲ့ အားကျလိုက်တာဗျာ ကိုယ့်အဖေတွေများ ဟိုတယ်တစ်ခုလုံးပိုင်ပြီးတော့ တစ်ဦးတည်းသောရှိတဲ့ သားလေးတစ်ယောက်ကို ဘူချွန်းမှာပဲထားထားတယ် ဟွန့်

ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း ဘူချွန်းကို မခွဲနိုင်တော့ ဘူချွန်းမှာပဲကျောင်းတက်ဖို့ဆုံးဖြတ်ထားတာ။ ဘယ်သူသိမလဲ ဆုံးဖြတ်ချက်တွေက တစ်ခါတစ်လေကျရင် ပြန်ပြင်ဖို့ရှိလာနိုင်တယ်ဆိုတာ...

ကျွန်တော့သူငယ်ချင်းနဲ့ စက်ဘီးပတ်စီးပြီးတော့ ကျွန်တော်အိမ်လည်းမပြန်ချင်သေးတာနဲ့ အဖေဖြစ်သူရဲ့ ဟိုတယ်ကိုသွားပြီး အဖေနဲ့အတူတူ သားအဖနှစ်ယောက်သား အလုပ်လုပ်ကြတာပေါ့ လူကြားကောင်းအောင်သာပြောရတာပါ တကယ်‌တော့ အဖေ့ရဲ့အလုပ်ခန်းထဲမှာ သွားအိပ်နေတာ။

ဒီလိုနဲ့ ညဘက်လည်းရောက်ပြီ ဆိုတော့ အ‌‌ဖေဖြစ်သူနဲ့ပြန်ဖို့ကို သူကအလုပ်ခန်းထဲမှာ ဖုန်းကျန်ခဲ့တယ်ဆိုလို့ ဟိုတယ်က ဧည့်ကြိုနေရာမှာခနထိုင်စောင့်နေခဲ့တာ

အဲ့အချိန်၀န်ထမ်းတွေလည်းဂျူတီချိန်းကြတော့ ဧည့်ကြိုနေရာမှာ ဘယ်သူမှမရှိသေးဘူး အဲ့တာကြောင့် ကျွန်တော်က အဖေ့ကိုစောင့်ရင်း ဧည့်ကြိုနေရာမှာခနထိုင်နေတုန်း မနေ့တွေ့ခဲ့တဲ့ ကားပေါဲကမျက်မှန်နဲ့လူကြီးက ရောက်လာတယ်လေ...

************************************

ဘာဆက်ဖြစ်မယ်ထင်ကြလဲဟင်👀

Love You So MuchWhere stories live. Discover now