ဇာတ်သိမ်းပိုင်း
.
.
.
Kyungsoo ဆေးရုံဆင်းပြီးနောက် Baekhyun ကပါ သူ့အိမ်လာတည်းနေသည်။ ညဘက် အကင်စားကြဖိူ့ Jongin နဲ့ Chanyeol တို့ ဈေးသွား၀ယ်ကြတာမို့ ဘယ်သူမှမရှိတုန်း နှစ်ယောက်စလုံး အိမ်ထဲမှာ ထိုင်နေရင်း စကားပြောနေကြသည်။"ပြောင်းရွှေ့ခွင့်တင်ထားပြီးပြီ အရင်မစ်ရှင်တွေမှာလည်း အောင်မြင်ထားတာတွေများတာရယ် ဟိုတစ်ခါက အမှုတစ်ခုမှာ ဆိုးလ်ကိုပြောင်းလာဖို့ကမ်းလှမ်းခံထားရတာရယ်ရှိနေတော့ ဒီတစ်လအတွင်း ငါပြောင်းလာခဲ့မှာပါ"
"မြန်မြန်ပြောင်းလာခဲ့ပါကွာ ငါတော့မင်းမရှိလို့ ပျင်းနေတာ။ ဒါကြောင့် မင်းမပြောင်းခင်အချိန်အထိ ငါဒီမှာနေဦးမှာ ဒီအတောအတွင်း ငါတို့မပြောခဲ့ရတာ ဘယ်လောက်ကြာပြီလဲ"
"အေးပါ မင်းသဘော။ မင်းရဲ့ ဦးအလုပ်တွေကရော?"
"သူ့ဘာသာစီစဉ်မယ်တဲ့။ ဒီတစ်ခါ solo album အတွက်ပါပေါင်းပြင်နေတော့ အလုပ်တော့များတယ်။ ဒါပေမယ့် သူက ငါပျော်သလောက်နေပါတဲ့လေ"
"အေး ပြီးမှ ဦးကိုလွမ်းလို့ပါဆိုပြီး ငါ့ဆီလာမငိုနဲ့နော်"
"စိတ်ချ ငါတို့က vcပြောဖြစ်ကြဦးမှာ"
"ငါတော့ နားကန်းဦးမယ်"
Kyungsoo က မဲ့ကာရွဲ့ကာဖြင့် ပြန်စသည်။
"ဒါနဲ့ Kyungsoo မင်းဆံပင်တွေက ဘယ်လိုဖြစ်ပြီး ကောက်ကွေးကြေမွကုန်တာလဲ အရင်ကလိုအုပ်အုပ်လေးတော့မထားဘူး"
"ဆံပင်ကိုသချိန်မရှိဘူး မိုးလင်းအိပ်ရာနိုးတာနဲ့ တရားခံရှာရတာရှုပ်နေတာပဲ"
"အန္တရာယ်ဒီလောက်များတာ လုပ်မှဖြစ်မှာလား"
"အင်း ငါအမှုစစ်ဖြစ်ပြီး သိလာတာရှိတယ်။ လူတွေက အားကြီးရင် ဖိနှိပ်တယ်။ ပိုက်ဆံရှိရင်အရာရာပဲဖြစ်နေတဲ့လောကကြီးက ဘယ်လောက်ကြောက်စရာကောင်းလဲသိလား။ ရှင်းပြရရင်ရှုပ်ပါတယ်ကွာ တရားခံတစ်ယောက် ငါ့ကြောင့် မြန်မြန်ဂျေးအောင်းရရင်အေးတာပဲ။ ငါ့ရည်းစားလေးအနားက မကောင်းတာတွေကိုလည်း ငါကိုယ်တိုင်ဖယ်ရှားပေးရာရောက်တယ်။ သူ့ကို ငါကာကွယ်မှာ"
YOU ARE READING
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...