အပိုင်း(၁၈)
.
.
.
ဒီနေ့ ဦးကို Surprise ဖြစ်အောင် သူ့ရုံးကိုအလည်သွားမယ်။ Kyungsooကတော့ နေမကောင်းလို့ အိမ်ပြန်ပြီးနားမယ်တဲ့။ဦးတို့ ရုံးခန်းက ဧည့်တွေ့ဆောင်နားရောက်တော့ ရုတ်တရက် သန့်စင်ခန်းသွားချင်လာလို့ သန့်စင်ခန်းကို အမြန်ပြေးရသေးတယ်။ ကိစ္စပြီးလို့ အပြင်ပြန်ထွက်လာတော့ ဦးလေးကြီးတစ်ယောက်က လက်ဆေးနေတာ။ သူနဲ့လည်းမသိတော့ ကိုယ့်ဘာသာကိုပဲ အသံတိတ်လက်ဆေးပြီး အပြင်ထွက်မယ်အလုပ် သူကစူးစူးဝါးဝါးအော်ပြီး ရင်ဘတ်ကိုဖိထားတယ်။ ကြည့်ရတာ သူလည်း နှလုံးရောဂါရှိပုံပဲ။
"အားးး!!!"
"ဟင်! ဒီမှာ ဦးလေး! ဦးလေး သတိထားပါဦးအဆင်ပြေရဲ့လား"
"ဆေး... အိတ်...ဆေး"
"ဗျာ?"
သူညွှန်ပြတဲ့နေရာကိုကြည့်တော့ သူ့အိတ်။ ကြည့်ရတာ အိတ်ထဲကသူ့ဆေးဗူးကိုတောင်းတာဖြစ်မယ်။ ကျွန်တော်လည်း ဆေးဗူးရှာတော့ သူ့ဆေးက ကုန်ပြီ။ ဒါပေမယ့် ကံကောင်းချင်တော့ သူသောက်တာက ကျွန်တော့်ဆေးနဲ့ အမျိုးအစားတူနေတယ်။ မထူးပါဘူးဆိုပြီး ကျွန်တော့်ဆေးပဲတိုက်လိုက်မှ သူ့ဘာသာသူ ငြိမ်ကျသွားတယ်။
"ဦးလေး ရရဲ့လား ဧည့်တွေ့ဆောင်ဘက် ခနပြန်သွားရအောင် ကျွန်တော်တွဲထားပေးမယ်"
"အင်း ကူညီပါကွယ်"
သူ့ကိုဘေးကနေတွဲပေးပြီး ဧည့်တွေ့ဆောင်က ဆိုဖာပေါ်ခနနေရာချပေးလိုက်တယ်။ သူလည်းမောနေတာနဲ့ ကျွန်တော်သူ့နားမှာပဲထိုင်ပြီး သူ့အခြေအနေစောင့်နေပေးလိုက်တယ်
ထိုအချိန်...
"Baekhyunie!!!"
အဝေးကခေါ်သံတစ်ခု...
လှည့်ကြည့်လိုက်တော့ ဦး"ဒီကိုဘယ်လိုရောက်လာတာလဲ"
"လာလည်တာပါ။ ဦးကိုကြိုမပြောမိဘူး။ အလုပ်ရှုပ်နေမယ်ထင်တယ်။ တောင်းပန်ပါတယ်။ ကျွန်တော်ပြန်တော့မယ်။"
"ဘာတွေပြောနေတာတုန်း လာလည်ချင်တာများ လာလည် ဘာမှမဖြစ်ဘူး။"
"ဟုတ်ကဲ့ ဟီးဟီး"
ကျွန်တော်တို့စကားပြောနေတုန်း ဦးက ဘေးကဦးလေးကြီးဆီ အကြည့်ရောက်သွားတော့
![](https://img.wattpad.com/cover/330898707-288-k282056.jpg)
BẠN ĐANG ĐỌC
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...