Love You So Much (Part - 45)

51 4 1
                                        

အပိုင်း (၄၅)
.
.
.
Chanyeol တစ်ယောက် အိပ်ပျော်နေတဲ့ Baekhyun ကို ကုတင်ပေါ်အသာချပြီး မျက်နှာသစ်ရန်ထွက်လာခဲ့သည်။ Baekhyun က မသောက်ထားသဖြင့် အ၀တ်မလဲပေးတော့ပဲ စောင်အသာခြုံပေးရင်း အဲကွန်း အပူချိန်လေးလျှော့ပေးကာ လုပ်စရာရှိတာလည်းလုပ်ပေးခဲ့သေးသည်။ စောင်ခြုံပေးတုန်းမှာလည်း Baekhyun နှဖူးလေးထက် အနမ်းလေးတစ်ပွင့်ခြွေခဲ့ဖို့မမေ့ခဲ့။

ကိုယ်တိုင်မျက်နှာသစ်ပြီး အိမ်ရှေ့ထွက်လာတော့ သူလေးကနိုးသယောင်ယောင်နှင့် လှုပ်လာသည်။

"ဦး ကျွန်တော့်ကိုချီလာတာလား"

"ဒါပေါ့ ကိုယ့်ကလေးလေးကို ကိုယ်မှမချီရင် ဘယ်သူချီမှာလဲ"

"ကျွန်တော့်ကိုယ်က လေးလို့ပြောတာပါ"

"Baekhyunnie လေးက တစ်စက်မှမလေးဘူး"

Baekhyun အနားကပ်သွားရင်း သူ့နှာခေါင်းလေးကိုဆွဲညစ်လိုက်တော့ အကောင်ပေါက်လေးက နှာခေါင်းလေးကိုထပ်ပြီး ရှုံ့ပြလာသည်လေ။သူမကြိုက်ပါဘူးပေါ့။ပြီးတော့ Chanyeol က ကုတင်ပေါ်ကထသွားရင်း မျက်နှာသစ်ရင်းစိုသွားတဲ့ အင်္ကျီကိုလဲဖို့ Tshirt ကို ဆွဲချွတ်လိုက်လေသည်။ ထိုအချိန် Chanyeol ရဲ့ ဗိုက်ကြွက်သားများကို ပါစစပ်အဟောင်းသားဖြစ်သွားသည်က Baekhyun

"ညဉ့်နက်နေပြီ အိပ်ကြရအောင်လေ"

"ဗျာ...တစ်ကုတင်တည်းလား"

"ဟော ကုတင်တစ်လုံးပဲ အတူတူရှိတာလေ Hyunnie ရဲ့ လာ အိပ်ကြရအောင်"

Baekhyun ကို ကုတင်ပေါ်အသာလေး ဆွဲလှဲပေးပြီး သူကတစ်ဖက်ခြမ်းမှာ အရင်အိပ်နေသည်။ Chanyeol သတိရလာကာစက Baekhyun ကို ဖက်အိပ်သည်ဆိုတာ နှစ်ယောက်စလုံး လွမ်းနေရတဲ့အချိန်တွေအတွက် အလွမ်းဖြေရုံသာ။

အခုတော့ ဘာမှမဖြစ်တဲ့အချိန်မှာ Baekhyun ကို မထိတာက သူ့အပေါ်ထားတဲ့လေးစားမှု၊ Baekhyun ကို သူအခွင့်အရေးမယူချင်ပေ။ ထို့ကြောင့် Baekhyun ဘေးလေးမှာပဲ မလှုပ်မယှက်အိပ်သွားရှာသည်။

တစ်ဖက်က Baekhyun မှာတော့ Chanyeol ဆေးရုံမှာ သတိမေ့နေတုန်းက သူ့ဘေးနားသွားအိပ်ခဲ့ဖူးပေမယ့် စိုးရိမ်တာကပိုများနေတဲ့စိတ်ကြောင့် ဒီလို နေရတာတစ်မျိုးကြီးဖြစ်နေတာမျိုးမရှိခဲ့။ အခုအချိန်မှာတော့ တစ်ခန်းလုံးမှာ သူတို့နှစ်ယောက်တည်းသာ။ ပြီးတော့ ရာသီဥတုကလည်း ခုနက လေကြမ်းတိုက်နေခဲ့ပေမယ့် အခုတော့ မိုးရွာလာသည်မို့ Baekhyun မှာအေးစိမ့်စိမ့်ဖြစ်လာသည်။ အဲ့တာကြောင့် ရှိတဲ့စောင်ကိုအစာဆွဲခြုံရင်းကွေးနေရှာသည်။

Love You So MuchTempat cerita menjadi hidup. Temukan sekarang