အပိုင်း (၄၄)
.
.
.
Kim Jongin ကျေးဇူးကြောင့် အကုန်လုံး အိမ်ထဲမှာ ထမင်းမစားပဲ အပြင်မှာ အကင်ကင်နေကြသည့် Kyungsoo, Luhan နဲ့ Chenတို့ဆီကိုသာ နေရာရွှေ့လာခဲ့ကြသည်။ Chanyeol နှင့် Baekhyun မှာလည်း ချိန်းတွေ့နေရာမှ အားလုံးဆီပြန်လာခဲ့ကြရင်း ပန်းကန်ပြင်သူကပြင် စားပွဲပြင်သူကပြင်နှင့် အလုပ်ရှုပ်နေကြသည်။"နေဦး ငါတို့ဒီမှာ အချိန်ပိုင်းအလုပ်သမားငှားထားတာလား"
Sehun က စသလိုလိုဖြင့် စားပွဲဝိုင်းကိုအစအဆုံးစီစဉ်ပြီးနေရာချပေးနေသည့် Xiumin ကို လှမ်းကြည့်လိုက်သည်။
ထိုအခါ Chenက high noteဖြင့်"Ahhh Hyung ကျွန်တော့် ရည်းစားကို ဘာအချိန်ပိုင်းအလုပ်သမားလဲဗျ။ သူကျမကူညီပဲ သူ့ထက်ကြီးတဲ့သူက အကုန်လုပ်နေရတယ်"
"ဘာဖြစ်လဲ"
"တော်ကြပါတော့ကွာ မြန်မြန်ပြီးရင် မြန်မြန်စားရတယ် ငါဗိုက်ဆာနေပြီ မြန်မြန်လုပ်ကြရအောင်"
Xiumin က ၀င်ပြောမှပဲChenက Sehun ကို မျက်စောင်းထိုးရင်း ပါစစပ်ကလည်း တတွတ်တွတ်ရေရွတ်နေသည်။ ခနကြာတော့ သူတို့အားလုံးပြင်ထားတာတွေကရပြီမို့လို့ကင်ထားတာတွေကို ပန်ကန်ထဲအစီအရီထည့်ရင်း စားပွဲပေါ်ချနေကြသည်။ ထိုအချိန်တွင် ခပ်ပြင်းပြင်းတိုက်လိုက်တဲ့လေကြောင့် Chenရဲ့အရှေ့က ကင်ပြီးသားအကင်တွေငို တင်ထားသည့်ခဲဖတ်လေးမှာ အောက်သို့ပြုတ်ကျသွားတော့သည်။ Chen ကတော့ ကြောင်တောင်တောင်လေးရပ်ကြည့်ရင်းသာ။
"ငါတို့ ဒီနေ့ တအားကံကောင်းနေကြတာပဲ။"
Kyungsoo က ရေရွတ်ရင်း အိမ်ထဲ၀င်သွားကာ ခေါက်ဆွဲခြောက်တွေ တစ်အိတ်ကြီးနှင့်ထွက်ချလာသည်။
"Kyungsoo-ah ဘာလုပ်မလို့လဲ"
Baekhyun က ခေါက်ဆွဲခြောက်တွေကိုကြည့်ရင်း သိချင်စိတ်ဖြင့်မေးလိုက်သည်။
"Baekhyun - ah ငါတို့ ငယ်ငယ်က စားရတဲ့အရသာ အထူးသဖြင့် ငါတို့နှစ်ယောက်တည်းရဲ့လျှို့ဝှက်နည်းကို ထုတ်သုံးချိန်တန်ပြီ"
"အိုကေ!!! ထောက်ခံတယ်။ ငါလာပြီ"
Baekhyun က ပြောပြောဆိုဆိုဖြင့် ထိုင်ရာမှထကာ Kyungsoo ဆီသွားပြီး ခေါက်ဆွဲတွေအရင်ပြုတ်လိုက်သည်။ သူတို့လုပ်နေတာငို ဘေးကလူတွေကကြည့်ရင်း နားမလည်နိုင်ကြ။
![](https://img.wattpad.com/cover/330898707-288-k282056.jpg)
YOU ARE READING
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...