အပိုင်း (၃၈)
.
.
.
ခွဲစိတ်ကုသမှုကတော့ ပြီးသွားပြီး ဘာမှစိုးရိမ်းရာမရှိတော့ပေမယ့် အဖေဖြစ်သူကတော့ စိတ်မချနိုင်လို့ နှစ်ပါတ်ကိုတစ်ကြိမ်ဆေးသွားစစ်ခိုင်းတယ်။ အဖေ့အမိန့်ဆိုတော့လည်း ဘယ်လွန်ဆန်နိုင်မလဲ သွားရတာပေါ့။ဆေးရုံသွားတဲ့လမ်းမှာ တစ်ယောက်သောသူရဲ့ ကုမ္ပဏီရှေ့ကိုဖြတ်မိတယ်။ လွမ်းဆွတ်ရတာပေါ့ အရင်ကဆိုရင် ကျောင်းမှာပင်ပန်းတာမျိုးရှိခဲ့ရင်တောင် ဒီနေရာက အပြုံးပိုင်ရှင်ကိုမြင်ရင် အမောပြေရလွန်းလို့ ချောင်းပေါက်မတတ်လာခဲ့ရတာလေ။
ဘာလို့များ လမ်းခွဲခဲ့တာလဲ။.......
************
သတိရပြီး နှစ်ရက်အကြာ
"Baekhyun ဘယ်နားက နာလို့လဲ"
"နာပေမယ့် ဘယ်လိုနာတယ်ပြောရမလဲ။ ခွဲတဲ့နေရာကနေနာရမှာလေ။ ဒါပေမယ့် ထူးဆန်းတယ်။ ငါတစ်ခုခုကို ခံစားနေရသလိုကြီး ဘာလို့ဖြစ်နေရတာလဲ။ Kyungsooya ငါတခုခုကို တအားလွမ်းနေတယ်။"
"စိတ်ကထင်တာနေမှာပါ"
"ဦးကိုလွမ်းတယ်။ သူ့ငါ့ကို အဆက်အသွယ်မလုပ်သေးဘူး"
"သူက သူကမအားလို့ပါ။ တရုတ်ကကိစ္စက ကြီးတယ်လို့ပြောတယ်"
"ဒါပေမယ့်လည်း..."
*တင်!*
"ဖုန်းတအားမကြည့်နဲ့တော့"
"ဒီစာလေးပဲဖတ်ပြီးရင် ပိတ်တော့မှာ"
ပြောနေရင်း ဖုန်းလေးကြည့်လိုက်တော့ ဖုန်းရဲ့ contact မှာ "ချစ်ရပါသော ဦး"တဲ့
*ဒီစာကို ဖတ်နေတဲ့အချိန် ခွဲစိတ်ပြီးလောက်ရောပေါ့။ နေကောင်းတယ်မလား။ ဒါပေမယ့်လေ နေကောင်းအောင်နေရမယ်နော်။ Baekhyunie နဲ့ ရှေ့ဆက်ပြီး အတူရှိနိုင်မှာမဟုတ်ဘူး။ ဒီအတောအတွင်းလည်း အဆက်အသွယ်လုပ်မှာမဟုတ်ဘူး။ ပြောရတာတော့ စိတ်မကောင်းပေမယ့် ဦး Baekhyunie နဲ့ လမ်းခွဲချင်ပြီ။ ကျေးဇူးပြုပြီး လက်လွှတ်ပေးပါနော်*
"Kyungsooya"
"ဟင်"
"ဒါကိုဖတ်ကြည့်။"
Kyungsoo လည်း စာကိုဖတ်ပြီး အံ့ဩသွားတယ်။
"သူက ဘယ်လိုလုပ်..."

KAMU SEDANG MEMBACA
Love You So Much
Fiksi Penggemarintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...