အပိုင်း (၅၂)
.
.
.
"ဒီနေ့ပြန်မှာမလား""တံခါးသေချာပိတ်ခဲ့ပေးပါ ဒီညဂျူတီရှိလို့"
"အင်းပါ ကောင်းကောင်းသွားနော်"
"အင်း ခင်ဗျားလည်း ကောင်းကောင်းပြန်"
"ခနလောက်ဖက်လို့ရမလား"
"..."
"ခနလေးပါပဲ"
ခနလေးဆိုပေမယ့် နှစ်ယောက်စလုံးအတွက် နွေးထွေးနေတဲ့ ထွေးပွေ့မှုလေး ....
မပြောဖြစ်ခဲ့ကြပေမယ့် ချစ်ပါတယ် မသွားပါနဲ့ဆိုတဲ့ မျက်၀န်းတွေ...************
*ကျွန်တော် ဘာလို့ အိမ်ကနေအရင်ထွက်လာလဲသိလား
သူထွက်သွားမယ့် မြင်ကွင်းကို ကျွန်တော်မြင်ရင် ထပ်ပြီးဖမ်းဆွဲထားမိမယ်ထင်တယ်။ တောင်းပန်ပါတယ် ကျွန်တော်က အရမ်းရက်စက်တယ်မလား ကိုကို*အတွေးတွေခနဖယ်ရင်း တစ်နေကုန်အလုပ်တွေပဲဖိလုပ်ရင်းနေလာခဲ့သည်။ ဖြစ်ချင်တော့ တွဲဖက်တစ်ယောက်က မနက်ဖြန်အရေးကြီးကိစ္စရှိတာမို့ ဂျူတီလဲပေးပါဆိုပြီး တောင်းဆိုလာတော့ သူနဲ့ဂျူတီလဲပြီး စောစောပြန်လည်း ဘယ်သူမှရှိမနေတဲ့အိမ်ကိုမသွားချင်သေးတာနဲ့ စတိုင်းဆိုင်တစ်ခုမှာ ဘီယာထိုင်သောက်နေသည်။
"ထင်ထားတာထက် ခါးတာပဲ"
အောင့်သက်သက်ဖြစ်လာတဲ့ ဗိုက်ကိုခနဖိပြီး အိမ်ပြန်လာသည်။ အိမ်ရောက်တော့ ထင်ထားသလို ဘယ်သူမှမရှိ။ မျှော်လင့်ချက်လေးနဲ့ ရှိလိုရှိငြား ဘေးဘီဝေ့ကြည့်လည်း ဘာမှရှိမနေ။ အဲ့အစား တံခါးမှာ sticky noteလေးတစ်ခု
*တံခါးသေချာပိတ်ပေးခဲ့တယ်နော်။ အိမ်ထဲ၀င်ပြီးရင် ပြန်ပိတ်ဖို့မမေ့နဲ့ဦး*
စာရွက်လေးကိုယူပြီး တံခါးဖွင့်လိုက်တော့ အိမ်ထဲမှာ ရှင်းလင်းနေတာပဲ။
ဗိုက်က ခုနကထက် နည်းနည်းပိုနာလာတော့ ရေသောက်ရန် ရေခဲသေတ္တာအနားသွားလိုက်သည်။ထပ်ပြီး sticky note လေးတစ်ခု
*အမြဲတမ်း အေးတဲ့ရေတွေချည်းသောက်မနေနဲ့လေ။ ထမင်းအိုးအနားမှာ ဓါတ်ဗူးလေးရှိတယ် အဲ့အထဲမှာ ရေနွေးလေးထည့်ခဲ့တယ် နွေးသွားအောင်သောက်လိုက်ပါ*

ESTÁS LEYENDO
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...