Love You So Much (Part -49)

38 5 2
                                    

အပိုင်း (၄၉)
.
.
.
"Baekhyun-ah မင်းသူငယ်ချင်းနေရာမသိသေးဘူးလားကွာ"

"ကျွန်တော်လည်း သိရင် ဒီအတိုင်းနေပါ့မလား Hyungရယ်။ ဘူချွန်းကိုပြန်သွားလားဆိုပြီးရှာတော့လည်း အန်တီကပြောတယ် Kyungsoo က ဘယ်ပြောင်းသွားမယ်မှန်းမပြောသွားဘူးတဲ့"

"သုံးနှစ်ရှိပြီ Baekhyun ။ ငါညဘက်ဆို ကောင်းကောင်းအိပ်မရဘူး သူပြန်လာမလားဆိုတဲ့စိတ်နဲ့ သူဆက်သွယ်လာမလားဆိုတဲ့စိတ်နဲ့ ငါမအိပ်ပဲနေခဲ့တာ"

"Hyungရယ်"

"ငါအဲ့ဒီနေ့က မထွက်သွားပဲနေခဲ့ရမှာ အားလုံးက ငါ့အမှား..ငါ...ငါ"

Baekhyunလည်း ဘာမှမပြောသာပဲ ငိုနေသည့် Jongin ကို အသာဖက်ထားပေးသည်။

လွန်ခဲ့တဲ့သုံးနှစ်က Kyungsoo က Jongin ကို လမ်းခွဲမယ်လို့ပြောပြီးတဲ့နေ့ကစပြီး Jongin က ဒေါသတကြီးထွက်သွားပြီးနောက် Kyungsoo လည်း အားလုံးကို အဆက်အသွယ်ဖြတ်ကာ အိမ်ကထွက်သွားခဲ့တော့သည်။ ထိုအချိန်မှစ၍ ဘယ်သူမှ သူနှင့်အဆက်အသွယ်မရကြ။ ရင်းနှီးပါတယ်ဆိုသည့် Baekhyun ကိုလည်း လုံး၀အဆက်အသွယ်မလုပ်။

************

ဆိုးလ်မြို့ရဲ့ တစ်နေရာ...

"ရားးးးအနောက်ကနေအမြန်လိုက်။ ဟေးးး အငယ်ဆုံးလေး အရှေ့ကနေသူ့ကိုပိတ်ထား!!!"

လျှင်မြန်စွာပြေးနေတဲ့ တရားခံအနောက်ကို စုံထောက်နဲ ရဲတွေအသည်းအသန်လိုက်နေကြသည်။

ရုတ်တရက်ဆိုသလိုပင် နံရံကိုကျော်ခွကာ ခုန်ပျံလာသည့်လူတစ်ယောက်ကြောင့် ပြေးနေတဲ့တရားခံရော လိုက်နေတဲ့ရဲတွေရောအားလုံးလန့်ပြီး အရှိန်သတ်ကုန်ကြသည်။ ထိုခုန်ပျံလာသည့်သူက လက်ထဲကတုတ်အကူအညီဖြင့် တရားခံ၏ခေါင်းတည့်တည့်ကိုရိုပ်ချလိုက်သဖြင့် ထိုသူမှာ အိမ်မက်ကမ္ဘာသို့ရောက်သွားရတော့သည်။

"စီနီယာ!"

"ဆောရီး ငါတို့အငယ်လေး ပင်ပန်းသွားပြီလား"

"ရားးးဂျင်ဂျောင်! အစီအရင်ခံစာရေးဖို့ပြင်ထား!"

ရုတ်တရက်ထွက်လာသော အဖွဲ့မှူး၏အသံနောက်တွင်တော့

Love You So MuchDonde viven las historias. Descúbrelo ahora