Love You So Much (part-4)

118 12 1
                                    

အပိုင်း(၄)
.
.
.
နောက်တစ်နေ့ရောက်တော့ Baekhyun တစ်ယောက် အိမ်ကနေစောစောထွက်ပြီး သူငယ်ချင်းဖြစ်သူKyungsooထံသို့သွားခဲ့သည်။

လမ်းမှာတော့ သူ့ကိုကြည့်နေတဲ့ မျက်၀န်းတစ်စုံရှိနေတယ် ဆိုတာကိုတော့ သူသတိမထားမိလိုက်။

လူပြတ်တဲ့နေရာနားရောက်တော့ သူ့ကိုဖမ်းဆွဲလိုက်တဲ့ အေးစက်နေတဲ့ လက်တစ်စုံ။ သူအလန့်တကြားလှည့်ကြည့်မိတော့ ဓါးကိုင်ထားတဲ့ ထောင်ထောင်မောင်းမောင်းလူတစ်ယောက်ကြောင့် အသားကုန်အော်မိလိုက်သည်။

သို့သော် လူပြတ်သည့်လမ်းဖြစ်သည့်အတွက် Baekhyun အော်သံကို မည်သူမှမကြားပေ...

*ဒီလူက ဘာလဲ ငါဒီလိုနဲ့ သေရတော့မှာလား*

"ကောင်လေး ရှိတာ အကုန်ထုတ်လိုက်"

"လာနောက်နေတာလားဗျာ ကျွန်တော့်ဆီမှာ ဘာမြင်လို့ ရှိတာ အကုန်ထုတ်ခိုင်းနေတာလဲ"

"ထု‌တ်ဆိုထုတ်နော် ငါ့အဆိုးမဆိုနဲ့။"

*တစ်ယောက်ယောက်လောက်လာကယ်ပါ* မျှော်လင့်ချက်တွေနဲ့ အတူမျက်လုံးမှိတ်ချလိုက်မိသည်။

ထိုစဉ် ထိုလူဆိုးပေါ်သို့ ကျရောက်လာသော ရိုက်ချက်ပြင်းပြင်းတစ်ခု...
အား ကနဲအော်သံအဆုံးတွင် လွတ်ကျသွားသော ဓါးတစ်ချောင်း...
အဖြစ်အပျက်တွေက အရမ်းကို မြန်ဆန်လွန်းသည်။

************

ကျွန်တော် အလုပ်ခွင်ထဲကို သွားစစ်ဆေးမည်လုပ်ကာ ကားဖြင့်ထွက်လာခဲ့သည်။ ခနအကြားကားပေါ်မှဆင်းကာ စတိုးဆိုင်သို့ကော်ဖီ၀င်၀ယ်ပြီးသည့်နောက် ကားပေါ်အတက်မှာ ဟိုချာတိတ်တစ်ယောက် ထွက်သွားတာကိုတွေ့လိုက်ရသည်။

ခါတိုင်းဆို ကျော်သွားမည်ဖြစ်ပေမယ့် ထိုကောင်လေးနောက်ကနေ ကပ်လိုက်လာသောလူမှာ မယုံချင်စရာကောင်းနေသည်။

သို့သော် လျှောက်ထင်နေတာဖြစ်မှာပါလေဆိုပြီး ကားတံခါးကိုဆွဲဖွင့်လိုက်သည့် အချိန်တွင် ကောင်လေး၏အော်သံသဲ့သဲ့အားကြားလိုက်ရသည်။ အသံလာရာဘက်ကိုသွားကြည့်မိတော့ ‌ထိုကောင်လေးအား‌ဓါးထောက်ဓါးပြတိုက်နေသည်ကို တွေ့လိုက်ရသည်။

Love You So MuchWhere stories live. Discover now