အပိုင်း(၃)
.
.
.
အိမ်ပြန်ရောက်တော့ အဖေဖြစ်သူက ဆူတာပေါ့။
Park Chanyeol လိုလူကို ဘယ်လိုဖြစ်လို့ မရိုမသေပြုမူတာလဲဆိုတာကနေ စပြီးဆူလိုက်တာ နားတွေလည်း ပူနေပြီ"မင်းလုပ်ပုံကောင်းသေးရဲ့လားကွ ဥက္ကဌParkလိုလူကို မထီမဲ့မြင်လုပ်ရဲတာ မင်းပဲရှိတယ်။ မင်းကွာ ငါ့မျက်နှာကို အိုးမဲမသုတ်ချင်စမ်းပါနဲ့"
"အဖေကလည်း အိုးမဲမကောင်းပါဘူး ရေနံချေးကကောင်းတယ် ခြမတက်တော့ဘူးပေါ့"
"ဘာကွ!!! အကောင်းပြောနေတာကို မင်းကအခု အဖေကိုပါပြန်ပြောနေပြီပေါ့ ဟမ်!"
"မပြောဝံ့ကြောင်းပါ မင်းကြီးဘုရား"
"အေး လာခဲ့ အဲ့မင်းကြီး ဘုရားကမင်းကိုဘယ်လို စီရင်မလဲ ကြည့်ကြသေးတာပေါ့"
အဖေဖြစ်သူရဲ့ တံမြက်စည်းစာမမိခင် ကိုယ့်အခန်းထဲကိုအမြန်ပြေး၀င်ခဲ့ရတယ်။ သူကတော့ အပြင်မှာ ဒေါပွပြီးကျန်နေခဲ့တာေပါ့။ တကယ်ပါပဲ အဖေဖြစ်သူကလည်း မိန်းမကြီးကျနေတာပဲ တံမြက်စည်းကြီးတကိုင်ကိုင်နဲ့
ဦးလေးလို့ခေါဲတော့ရော ဘာဖြစ်လဲ တကယ်လည်းသူက 32နှစ်လေ အဲ့အသက်အရွယ်က ကျွန်တော့်အသက်အရွယ်နဲ့ ယှဉ်ရင် တကယ် ဦးလေးအရွယ်ပဲဟာကို
ပြီးတော့ သူကိုယ်တိုင်ကလည်း ကျွန်တော့်ကိုချာတိတ်တဲ့ ဟွန့်
ဦးလေးလို့မခေါ်ပဲ အဖိုးလို့ ခေါ်ရင်ဘယ်လိုများနေမလဲမသိဘူးအဖေတို့များ အခန်းပြင်ကေန ဆူနေလိုက်တာ ညဆယ်နာရီတောင်ထိုးပြီ။ မထွက်ပြေးလာသေးပဲ ခုနကအတိုင်းသာနေလိုက်ရင် တံမြက်စည်းစာရော သူ့ရဲ့ ဆုံးမဩဝါဒတွေပါခံယူနေရမှာ မလွယ်ဘူး။
ဟူးးးးအဖေလည်း ခက်တယ် တစ်ဉီးတည်းသောသားလေးကို ထစ်ကနဲရှိဆူမယ်ဆိုတာချည်းပဲ။ မနက်ကျကိုယ့်ကိုတွေ့ရင် ဆက်ပြီးဆူနေမှာစိုးလို့ စောေစာစီးစီးအိမ်ကေနထွက်ပြီး သူငယ်ချင်းဖြစ်သူKyungsooရဲ့ အိမ်မှာသွားပြီး နှပ်နေဦးမှပါပဲလေ။ ခုတော့အိပ်လိုက်ဦးမယ်။
ဒါနဲ့ ဒီချိန်ဆို အဲ့လူကြီးလည်း ဘာများလုပ်နေမှာပါလိမ့်။ မဟုတ်သေးပါဘူး ငါကဘာလို့ သူ့အကြောင်းတွေးနေတာလဲ သူ့ဘာသာသူဘာဖြစ်ဖြစ် ဘာလုပ်လုပ်ပေါ့။ အိပ်မယ် Byun Baekhyun အိပ်မယ် အိပ်မယ်။ ...
************
"ညနေက ဟိုချာတိတ်က ငါ့ကိုများ ဦးလေးတဲ့ အဟက် ငါအဲ့လောက်လည်းမအိုသေးပါဘူး ဟုတ်တယ်မလား Jongin"
ဆိုးလ်မှာ ကိုယ့်ကိုယ်စား အလုပ်လုပ်ပေးနေတဲ့ Kim Jonginဆိုတဲ့ သူငယ်ချင်းနဲ့ ၊VCပြောရင်း အဲ့ချာတိတ်အကြောင်းတွေပြောပြလိုက်တယ်
သူကတော့ ကိုယ်အဲ့ချာတိတ်က ကိုယ့်ကို ဦးလေးလို့ ပြန်ခေါ်သွားတာကို အူတက်နေတယ်
သေနာကောင် သူ့အလှည့်ကျမှ အဖိုးလို့ ပြန်အခေါ်ခံရပါစေ"မင်းကလည်းကွာ မင်းပုံစံလည်းပြန်ကြည့်ဦး ၀တ်ထားတာ မသိရင် သံအမတ်လိုလိုဘာလိုလိုနဲ့ အမတ်၀င်ရွေးခံရမယ့် အဖိုးကြီးတွေကျနေတာပဲ"
"တိတ်စမ်း အဲ့တာ ငါ့စတိုင်ကွ"
"ဘာစတိုင်လဲ ဟိုချာတိတ်ပြောသွားသလို အဖိုးကြီးစတိုင်လား"
"ဒီခွေးကောင် ငါဆိုးလ်ကိုပြန်လာရင် မင်းေတာ့အသေပဲ"
ပြောလက်စဖုန်းကို ချပြီး ကုတင်ပေါ်ကိုပစ်တင်လိုက်တယ်။ မဖြစ်သေးပါဘူး နောက်နေ့ အဲ့ချာတိတ်ကိုတွေ့ရင် ပညာပေးဦးမှပါပဲ။ အိပ်မယ်လုပ်ပေမယ့်မဖြစ်သေးဘူး မနက်ဆောက်လုပ်ရေးမှာ လိုမယ့် ပစ္စည်းတွေအတွက် ပစ္စည်းစာရင်းကို စစ်ရဦးမယ်။
သာမန်လူလိုဆိုရင် အလုပ်လုပ်ခါနီးမှ ကောက်လုပ်လို့ရတဲ့ အလုပ်ဖြစ်ပေမယ့် Chanyeol လို အလုပ်ဂျပိုးအတွက်ကတော့ အလုပ်ဆိုတာ ကြိုလုပ်ထားလေကောင်းလေပဲ။ အဲ့လောက်ကြိုလုပ်ထားတာတောင် သူ့မှာ အလုပ်တွေပြီးပြတ်တယ်ဆိုတာမျိုးမရှိဘူး။
အလုပ်လုပ်ရင်းနဲ့ မဆီမဆိုင် ဟိုချာတိတ်အကြောင်းတွေးမိတယ်
ပထမဆုံးစတွေ့ခဲ့တာကို သူကမမှတ်မိတာများလား အဲ့တုန်းက သူ့ကားကတကယ်ကို ဆီဖြည့်မှရတော့မယ့်အနေအထား။ ဆီဆိုင်ပတ်ရှာနေရင်း ဆီကုန်သွားမှာစိုးလို့ လမ်းမှာ ရေခဲထုပ်ထိုင်စားနေတဲ့ ကောင်လေးကိုမေးလိုက်တာ။မေးသာမေးရတယ် အဲ့ချာတိတ်ကကြောင်တောင်တောင်လေးမော့ကြည့်နေတော့ ကျပ်ကောပြည့်ရဲ့လားလို့တောင် ထင်ရတယ်။ သူကဆီဆိုင်လမ်းညွှန်ပြတာတောင် မယုံရဲယုံရဲနဲ့ သွားလိုက်တာ တော်ပါသေးရဲ့ သူပြောတာမှန်နေလို့
မဖြစ်သေးပါဘူး သူ့အကြောင်းက ဘယ်လိုတွေးမိသွားပါလိမ့် အလုပ်လုပ်ရမယ့်ဟာကို Park Chanyeol အသိစိတ်ကပ်စမ်း လို့ ကိုယ့်ကိုယ်ကိုသာ သတိပေးနေရတယ်...
************
ထိုနေ့ညကတော့ ကောင်လေးနှစ်ယောက်ရဲ့ မသိစိတ်ထဲမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် သတိရမိနေခဲ့ကြပါတယ်************************************
ESTÁS LEYENDO
Love You So Much
Fanficintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...