Happy Tao Day!!!

20 4 0
                                    

Happy birthday ပါ ပန်ဒါလေးရေ။ ဝါသနာပါတဲ့ အနုပညာတွေလုပ်ပြီး ပျော်နေပြီထင်ပါရဲ့။ အမြဲတမ်းတောက်ပတဲ့ မျက်၀န်းလေးတွေနဲ့ တောက်ပတဲ့အပြုံးလေးတွေကိုမြင်နေရတယ်နော်။

အကိုတွေရဲ့ အချစ်ဆုံးလေး ခုချိန်ထိ သန်သန်မာမာနဲ့ ကြိုးကြိုးစားစားရှင်သန်လာခဲ့ပေးလို့ကျေးဇူးပါ။ EXOရဲ့ အဖွဲ့၀င်အဖြစ်ပဲဖြစ်ဖြစ် အဆိုတော်ပဲဖြစ်ဖြစ် သရုပ်ဆောင်ပဲဖြစ်ဖြစ် အကို့ရဲ့တည်ရှိမှုကိုပဲ ချစ်နေပြီး အားပေးနေပါ့မယ်နော်

အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေပြီး အားရှိတာတွေပဲစားပါနော်။
ဒေါသကြီးတာလေးလည်း နည်းနည်းလျှော့ပြီး ကျန်းမာအောင်လည်းနေပေးပါ။ ဘယ်သောအခါပဲဖြစ်ဖြစ် စိတ်ညစ်တာမျိုးမရှိ‌စေပဲ ရှိလာခဲ့ရင်လည်းခေါင်းထဲကထုတ်ပစ်ပြီး ကိုယ်ပျော်ဖို့ကိုပဲဦးစားပေးလုပ်ပါနော်။ အကိုကလိမ်မာပြီးသားမို့ ဒါတွေမပြောတော့ပါဘူး။ ဒါပေမယ့် ကိုယ့်ပျော်ရွှင်ရေးကိုပဲဦးစားပေးပြီး ချစ်ရတဲ့လူတွေနဲ့ အတူတူ ကျန်းကျန်းမာမာနေပေးပါနော်။ ဒါဆိုရင်ညီမတို့အတွက်ပြည့်စုံပါပြီ။

ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်ရင်း အောင်မြင်မှုတစ်လုံးတစ်၀ကြီးနဲ့အတူ များစွာသောချစ်ခြင်းတရားတွေပါထပ်မံရရှိနိုင်ပြီး လိုရာဆန္ဒအမြဲပြည့်၀နေနိုင်ပါစေနော်။ အမြဲတောက်ပတဲ့အပြုံးလေးတွေနဲ့အတူ ချစ်ရမိသားစု‌တွေ၊ သူငယ်ချင်းတွေ Fan‌လေးတွေနဲ့အတူတူ အချိန်တွေအကြာကြီးဖြစ်သည်အထိ တယောက်လက်တယောက်တွဲပြီး တန်ဖိုးရှိတဲ့အချိန်တွေကို ပျော်ရွှင်စွာဖြတ်သန်းသွားနိုင်ပါစေနော်

မွေးနေ့ကစပြီး နှစ်ပေါင်းများစွာအထိ ပျော်ရွှင်စရာအချိန်တွေကို ချစ်ရတဲ့သူတွေနဲ့ ပျော်စရာကောင်းစွာကုန်ဆုံးရင်း နှစ်သက်ရတဲ့အလုပ်မှန်သမျှကို အောင်မြင်စွာလုပ်ကိုင်နိုင်ပါစေ။ ကောင်းမွန်တဲ့လူတွေနဲ့ပဲတွေ့ဆုံပြီး ဒီထက်မကလည်း တိုးတက်အောင်မြင်နိုင်ပါစေ

Zi Tao Fighting!!!

Happy birthday 💖💖💖

Love You So MuchWhere stories live. Discover now