အပိုင်း(၆)
.
.
.
နောက်နှစ်ပတ် နောက်နှစ်ပတ်နေရင် သူတစ်ကယ်သွားတော့မှာလား။ သွားတော့လည်းသွားပေါ့ ငါကသူ့ကိုဘာလို့လွမ်းရမှာလည်း ဘာမှလည်းမဆိုင်ပဲနဲ့။ ခါတိုင်းလိုပဲ အေးအေးဆေးဆေးနေမှာပေါ့။Aigoooငါ့သူငယ်ချင်း Kyungsoo ကလည်း ဆိုးလ်သွားတော့မှာ။ ငါတော့ပျင်းရတော့မှာပဲ သူသွားရင်ငါ့မှာ အဖော်လည်းမရှိတော့ဘူး။
အားးးးးးမသိတော့ဘူး အိပ်တာပဲကောင်းတယ်
ဒါနဲ့ဟိုလူကြီးကဆိုးလ်ကို ဘယ်အချိန်ပြန်မှာပါလိမ့်။
ဟုတ်သားပဲ ငါKyungsooနဲ့အတူ ကျောင်းတက်လို့ရတာပဲ။ ဟုတ်တယ် ငါKyungsoo နဲ့ အတူတူကျောင်းတက်မှာ ဟိုလူနဲ့နီးချင်လို့မဟုတ်ဘူး။ စာသင်ဖို့ စာသင်ဖို့။
***********
*ပထမဆုံးအချိန် စာမကြိုးစားတဲ့ကျွန်တော် ဘူချွန်းကလွဲရင် ဘယ်မှမသွားချင်တဲ့ကျွန်တော်ဟာ လူတစ်ယောက်ကြောင့် ထိုအရာတွေကိုပြောင်းလဲဖို့ဖြစ်လာခဲ့တယ်*
***********
"အဖေ ကျွန်တော် ဆိုးလ်မှာ Kyungsoo နဲ့အတူကျောင်းတက်ချင်လို့"
"ဟေ မင်းနောက်ပြန်ပြီလား"
"မနောက်ဘူး အတည်ပြောနေတာ Kyungsoo နဲ့လည်း တိုင်ပင်ပြီးပြီ"
"သား မင်းသေချာစဉ်းစားပါကွာ ခုတစ်လော မင်းထူးဆန်းနေတယ် နေရောကောင်းရဲ့လား"
"ကျွန်တော်သေချာစဉ်းစားပြီးပြီ ပြီးတော့နေလည်းကောင်းတယ် ဆိုးလ်မှာကျောင်းတက်ဖို့ကိစ္စ ကျွန်တော့်ကို ခွင့်ပြုပေးပါလားဟင်"
"သား အဖေမင်းကို စိတ်မချဘူး မင်းရောဂါအခြေအနေနဲ့ အဖေစိုးရိမ်တယ်"
"မစိုးရိမ်ပါနဲ့အဖေရယ် ကျွန်တော်အဆင်ပြေမှာပါ ဆေးပုံမှန်သောက်ရင် ရတာပဲလေ"
"အင်းးးးမင်းနဲ့တော့ခက်ပြီ... အဖေသေချာစဉ်းစားဦးမယ်ကွာ ခွင့်ပြုသင့်မပြုသင့်။ သားလည်းသေချာပြန်စဉ်းစားကြည့်။ မင်းစာလုပ်ချင်စိတ်ရှိလာတာကိုတော့ အဖေ၀မ်းသာတယ် ဒါပေမယ့် မင်းေရာဂါအခြေအနေကိုတော့ စိုးရိမ်မိတယ်"
YOU ARE READING
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...