အပိုင်း(၃၅)
.
.
.
"ဦးရာ ကျွန်တော်ကိုယ့်ဘာသာစားပါမယ်ဆိုနေ""အော်ဟော ဒီကလေး လူကြီးကိုလွန်ဆန်တာလား။ စိတ်ကောက်မှာနော်"
အပြောင်းအလဲလေးတွေကတော့ တစ်ညအတွင်းဖြစ်သွားတယ်။ မနေ့ညက အသည်းအသန်ငိုခဲ့တဲ့ဦးက ဒီနေ့တော့ ကလေးလိုပဲ ထစ်ကနဲရှိစိတ်ကောက်မယ်စိတ်ကောက်မယ်နဲ့ လူကိုညာစားနေတာ။
အခုလည်း ထမင်းကိုခွံ့ကျွေးနေတယ်။ စားပြီးရင်လည်း တော်လိုက်တာဆိုပြီး တစ်လုပ်စားပြီးရင်ပါးကို တစ်ခါနမ်းတယ်။ ကိုယ့်ဘာသာကို ယူစားမယ်ဆိုတော့လည်း လက်မခံ။
"Baekhyunie"
"ဗျာ"
"အမြဲတမ်း ထမင်းကို ကောင်းကောင်းစားရမယ်နော်"
"အင်းပါ"
"Baekhyunie ခွဲစိတ်ပြီးရင် နေမကောင်းဖြစ်တာမျိုးတွေ ဘယ်တော့မှ ထပ်ရှိမလာပဲ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်အကြာကြီးနေသွားရင်ကောင်းမယ်"
"ကျွန်တော်ကတော့ ဦးသာရှိရင် အရာအားလုံးအဆင်ပြေတယ်။ နေမကောင်းလည်းမဖြစ်လောက်တော့ဘူး"
"ဘာလို့"
"ဦီးက ကျွန်တော့်အားဆေးမို့လို့လေ။"
"Baekhyunie ကတော့ ဦးရဲ့နှလုံးသားလေး"
"နှလုံးသားလေးပဲလား ကျန်တဲ့ကလီစာတွေကရော"
"မရှိတော့ဘူး နှလုံးသားလေးကိုပဲပေးလိုက်လို့။ လာ ထမင်းနောက်တစ်လုပ်စားဦး အာာ"
"အာ"
"တော်လိုက်တာ နောက်တစ်ခါနမ်းဦးမယ်"
"တော်ပါတော့ ပါးတွေလည်းချိုင့်ကုန်တော့မယ်"
"အဲ့တော့လည်း ကောင်းတာပေါ့ ပါးချိုင့်ကာပယ်လုပ်လို့ရတယ်"
"မလုပ်နဲ့ ယားတယ် ခ်ခ်"
"ရဘူး နမ်းမှာပဲ"
*ဒုန်း*
ကျွန်တော်တို့နှစ်ယောက် စရင်းနောက်ရင်းဖြစ်နေကျချိန်မှာ Kyungsooနဲ့ Jongin hyung က အထုတ်ကြီးအထုတ်ငယ်နဲ့၀င်လာသည်။
"အော်ဟော အခု ငါပဲစိတ်မသက်မသာဖြစ်နေတာလား"
"ဒါမျိုးကိုသာ အယ်ရီတွေသိသွားကြည့်။ အကုန်လောင်မြိုက်ကုန်လိမ့်မယ်။ ကျေးဇူးပြုပြီး ရိုနေတာလေး လျှော့ပါကွာ။ မင်းတို့ကပိုကိုပိုတယ်။"
YOU ARE READING
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...