အပိုင်း(၂၀)
.
.
.
ပြောရမယ်ဆိုရင် ကလေးနဲ့တွေ့တိုင်း ကိုယ့်စိတ်တွေက လွတ်လပ်နေတဲ့ နယ်မြေထဲရောက်သွားသလို အေးချမ်းရာလေးတွေ့သွားသလိုမျိုးဖြစ်လာတယ်။စကားအရမ်းနည်းတဲ့လူက သူနဲ့တွေ့ရင် စကားအများကြီးပြောချင်တယ်။ အရယ်အပြုံးနည်းတဲ့လူက သူ့အပြုံးလေးတွေကိုတွေ့ရင် အလိုလိုပြုံးမိလာတယ်။သူနဲ့အတူရှိနေရင် အေးချမ်းသွားတယ်။ ကိုယ့်ဘက်ကပျော်ရွှင်စရာတွေကို သူ့ကို ဝေမျှချင်တယ်။ သူ့ကိုလုံခြုံစေချင်တယ်။ သူပျော်နေရင် ကိုယ်လည်းပျော်မိတယ်။
အစကတော့ ဒါတွေကို သာမန်မိတ်ဆွေတစ်ယောက်နဲ့တွေ့လို့ အရမ်းရင်းနှီးပြီးဖြစ်ပေါ်လာတဲ့ ခံစားချက်ပါပဲလို့ထင်မြင်ခဲ့မိတာ။ ဒါပေမယ့် သူ့နှုတ်ခမ်းလေးကိုမတော်တဆထိမိတဲ့အချိန်ကနေစပြီး ကိုယ့်ဘက်က ရင်ခုန်နေတယ်ဆိုတာ သတိထားမိလာတယ်။
ဒါပေမယ့် ခံစားချက်အမှားလို့ပဲ ထင်မြင်ပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့အတွက် သူ့ကိုခနရှောင်ခဲ့မိတယ်။ ရှောင်ခဲ့ပြီးနောက်ပိုင်းမှာသိခဲ့ရတာကတော့ သေချာတယ် ကိုယ်တော့ ကလေးကိုချစ်မိနေပြီထင်တယ်။
ချက်ချင်းကြီးဖွင့်ပြောလိုက်ရင်လည်း ကလေးဘက်က အနေခက်သွားမှာစိုးလို့ သာမာန်လိုပြန်နေပြီး အနေနီးလာတော့မှ ဖွင့်ပြောမယ်လို့ဆုံးဖြတ်ခဲ့တာ။ အဲ့တာကြောင့်မို့ သူ့အိမ်ကိုသွားဖို့ နည်းလမ်းတစ်ခုပြီးတစ်ခုရှာဖွေနေခဲ့တယ်။ မုန့်ထုတ်အိတ်လေးကိုဆွဲပြီး သူ့အိမ်မှာ မုန့်အတူတူစားရင်းရင်းနှီးမှုယူတာကို အစချီမယ်လို့ ဆုံးဖြတ်ပြီး ကိုယ့်အားကိုတင်းရင်း သူ့အိမ်ရှေ့ရပ်နေမိတယ်။
ကလေးမုန့်ပေးကြိုက်တယ်လို့ပြောကြလည်း မတတ်နိုင်ဘူး။ ကိုယ်က ရိုမန့်တစ်ဆန်နည်းမှမသိတာ။ ရယ်စရာတော့ကောင်းနေမလား အသက်ကြီးကြီးလူတစ်ယောက်က ရည်းစားတစ်ခါမှမထားဘူးပဲ ရိုမန့်တစ်ဘယ်လိုဆန်ရမလဲဆိုတာပါ မသိဘူးဆိုတာ။ ဒါပေမယ့်လည်း ကလေးအတွက်ဆိုရင်တော့ ဒါတွေက သင်ယူရမှာပေါ့လေ။
မကြာဘူး သူ့အိမ်ရှေ့မှာရပ်စောင့်နေရင်း သူ့သူငယ်ချင်းဖြစ်သူနဲ့တွေ့ပြီး အိမ်ထဲကို၀င်ခွင့်ရခဲ့တယ်။ အိမ်ထဲရောက်တော့ ရေချိုးပြီးကာစကလေးက bathrobe၀တ်ပြီး ဆင်းလာတော့ ရင်ထဲမျာ တစ်လှပ်လှပ်ရယ်။ ဖြူနေတဲ့ အသားအရေတွေကိုတွေ့ပြီး ကိုယ့်စိတ်ကို မထိန်းနိုင်တာကြောင့် သူ့ကိုအ၀တ်မြန်မြန်လဲဖို့ပြောလိုက်ရတယ်။

YOU ARE READING
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...