Love You So Much (Part - 40)

50 6 1
                                    

အပိုင်း (၄၀)
.
.
.
"Baekhyunnaသတိရပြီလား"

သတိမေ့နေရင်း ယောင်ပြီး နိုးလာတဲ့ Baekhyun ကို Kyungsoo က အလန့်တကြားနှိုးလိုက်သည်။ အရေးပေါ်ခလုတ်ကို နှိပ်လိုက်သဖြင့် ဆရာ၀န်တွေမှာလည်း ပြာပြာသလဲ၀င်လာကြသည်။

လိုအပ်တာအားလုံးစစ်ဆေးပြီးနောက်မှာတော့ Baekhyun မှာ တောင့်ခံထားတဲ့မျက်ရည်တွေကို ဆည်ကျိုးသလို လွှတ်ချခွင့်ပေးလိုက်တော့သည်။

"Kyungsooya ငါ့ကို ရှင်းပြပေးပါ။ ဦးက ဘာလို့ ဒီမှာလှဲနေတာလဲဟင်။ ငါခေါ်တာလည်း သူမကြားဘူး။ သူဘာဖြစ်တာလဲ။ မင်း တ၏်ခုခုသိနေတ်ူမလား ငါ့ကို ကျေးဇူးပြုပြီးပြောပြပေးပါ။ ငါတောင်းပန်နေတာပါ"

"သိတယ် ခုချိန်မှာ မင်း ဘယ်လိုခံစားနေရမလဲ ငါသိတယ် Baekhyun။ ငါဖြည်းဖြည်းချင်းပြောပြမှာမို့လို့ မင်းစိတ်ကို ငြိမ်ငြိမ်ထားပေး"

Baekhyun စိတ်ငြိမ်အောင် အရင်ချော့ပြီး အကြောင်းစုံကို တဖြည်းဖြည်းရှင်းပြပေးလိုက်သည်။
အရာအားလုံးကိုသိသွားတဲ့ Baekhyun လည်း ရင်ထဲမှာ ပူလောင်ကာ မျက်ရည်စများက တစ်စတစ်စတိုးပွားလာပြန်သည်။ မျက်နှာ တစ်ခုလုံးလည်း သွေးမရှိတဲ့လူလိုဖြစ်နေသည့်အပြင် ခြေဖျားလက်ဖျားတွေမှာလည်း တုန်ယင်လျက်ပင်။

"ငါ အများကြီးမှားသွားပြီ။ ဦး ဒီလောက်ထိပေးဆပ်ခဲ့တာကိုမသိပဲ သူ့ကိုမေ့ဖို့လုပ်ခဲ့တဲ့ငါ အများကြီးမှားသွားပြီ။Kyungsooya ငါဘယ်လိုလုပ်ရမလဲ။ ငါအများကြီးမှားသွားပြီ"

"ဟင့်အင်း မင်းမှာ အမှားပြန်ပြင်ခွင့်ရှိသေးတယ် Baekhyun "

ပြန်လည်မော့ကြည့်လာတဲ့ Baekhyun ကြောင့် Kyungsoo မှာ သူစိတ်သက်သာရာပိုရစေရန် အားပေးစကားပြောပေးနေသည်။ Jongin ကလည်း သူတို့နှစ်ယောက်အတူရှိနေနိုင်ရန် အပြင်သို့ မသိမသာ ရှောင်ထွက်သွားပေးသည်။

"မင်းသိလား Baekhyun မင်းကို သူကသာ ခွင့်မလွှတ်ဘူးဆိုရင် သူ့ကို မင်းမုန်းအောင်လုပ်မလား။ ဒီခွဲစိတ်မှုဆိုတာ ဘယ်သူမှ ကူညီပေးနိုင်တဲ့ကိစ္စမဟုတ်ဘူးBaekhyun။ Chanyeol hyung လိုလူက မင်းကို သိပ်ချစ်လို့ မင်းအတွက်စတေးပေးတာ။ ဒါကိုသိသွားမယ့်မင်းကိုလည်း ၀မ်းနည်းမှာစိုးလို့ မင်းကို အာရုံပြောင်းအောင် သူကအဆက်အသွယ်ဖြတ်ချင်ယောင်ဆောင်ခဲ့တာ။ ဒါတွေအားလုံးက မင်းအတွက်ပဲ Baekhyun ။ သူမင်းကို အဲ့လောက်ထိချစ်တာ"

Love You So MuchOù les histoires vivent. Découvrez maintenant