HAPPY BIRTHDAY LUHAN GE

38 2 0
                                    

HAPPY BIRTHDAY 🎉🎉🎉

မွေးနေ့မှာပျော်ရွှင်ပါစေ သမင်လေးလု😁
ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပြီး လူတိုင်းကိုပျော်ရွှင်မှုတွေနဲ့ ကြင်နာမှုတွေပေးခဲ့လို့ကျေးဇူးတင်ပါတယ်။

မွေးနေ့ကစပြီး ဘ၀တစ်သက်တာလုံး ပျော်ရွှင်ခြင်းတွေ၊ အောင်မြင်ခြင်းတွေနဲ့ ပြည့်နှက်နေနိုင်ပါစေ။ ချစ်ရတဲ့သူတွေနဲ့လည်း  နှစ်ပေါင်းများစွာအထိအမြဲတမ်းအတူရှိနေနိုင်ပြီး အောင်မြင်မှုတွေလည်း ဒီထက်မကရနိုင်ပါစေ။

သစ်ပင်ကြီးကမပြည့်စုံနိုင်တော့ရင်တောင် ပြန်လည်ရှင်သန်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ခုချိန်ထိဆက်ချစ်နေပါတယ်။ နောင်လည်းဆက်ပြီးချစ်ပေးသွားမှာမို့လို့ အခုလိုမျိုး ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနဲ့ရှင်သန်နေပေးပါနော်။ ချစ်မြတ်နိုးရပြီး အမြဲတမ်းလည်းချစ်ပြီးအားပေးသွားပါ့မယ်။

ဘယ်သောအခါပဲဖြစ်ဖြစ် တောက်ပနေတဲ့ ကြယ်ပွင့်လေး ဒီထက်ပိုပြီးတော့ လူတိုင်းကအားကျနေတာတောင် ထပ်ပြီးအားကျရတဲ့ အနုပညာကြယ်ပွင့်လေးတစ်ပွင့်အဖြစ်အမြဲထွန်းလင်းနိုင်ပါစေ။

အကို့မှာ အခက်အခဲတစ်စုံတစ်ရာရှိရင်လည်း ခလုတ်မထိ စူးမငြိပဲအလွယ်တကူကျော်လွှားနိုင်ပြီးတော့ လဲကျရင်တောင် ပြန်ထဖို့အားမလျော့ပါနဲ့နော်။ဖိုက်တင်း!!!

ပျော်စရာကောင်းတဲ့ဘ၀လေးထဲမှာ ချစ်ရတဲ့သူတွေနဲ့အတူတူ ထာ၀ရလက်တွဲပြီး ဝါသနာပါတဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ပျော်ပျော်ရွှင်ရွှင်‌နေသွားနိုင်ပါစေ။ ပျော်ရွှင်စရာအကောင်းဆုံးမွေးနေ့လေးတွေကိုလည်း နှစ်တိုင်းပိုင်ဆိုင်နိုင်ပါစေ။

Happy Birthday Xiao Lu ge💖💖💖
ဆယ်ဟွန်းနီးပြောသလိုတရက်လောက် ဘာဘယ်တီးအတူတူသောက်ရအောင်လေ😊
စောင့်နေပါ့မယ် မြန်မြန်ပြန်လာတော့နော် ဒီမှာ အရမ်းလွမ်းနေပြီ။
သစ်ပင်ကြီးက အကိုင်းအခက်လေးနဲ့ပြန်ဆက်နိုင်မယ့်အချိန်ကို ခုချိန်ထိမျှော်နေမိတုန်းတဲ့

Love You So MuchHikayelerin yaşadığı yer. Şimdi keşfedin