Love You So Much (part-17)

64 9 0
                                    

အပိုင်း(၁၇)
.
.
.
နောက်တရက်ကျတော့ ဦးရဲ့ ကုမ္ပဏီကို အလည်သွားတယ်။ ဘာရယ်တော့မဟုတ်ပါဘူး သူကဟိုနေ့ကပြောတယ်လေ သူ့ဆီအလည်လာတဲ့။ အဲ့တာကြောင့်မို့လို့သွားမှာ။ ကျောင်းဆင်းရင် သူလာခေါ်မှာမို့လို့ ကျွန်တော်စောင့်နေခဲ့တယ်။
Kyungsoo ကတော့ ဒရိုက်ဘာဦးလေးကြီးနဲ့အရင်ပြန်နှင့်ပြီ။ ခနကြာတော့ ကားအနက်တစ်စီးနဲ့သူရောက်လာတယ်။ ကျောင်းဆင်းချိန်ဆိုတော့ ကျောင်းသူတွေက ကားပေါ်ကဆင်းလာတဲ့ဉီးကို သတိထားမိသွားတယ်

"ဒါနဲ့ Loeyလားဟင် ဟုတ်တယ်မလား"

"Loeyဟဲ့ ငါဟိုတနေ့က concert မှာတွေ့လိူက်တာ သူပဲ အားးးးးးးးး!!!! Loey oppa!!!"

ဦးကတော့ တည်တည်ငြိမ်ငြိမ်ပဲ သူ့အနားရောက်လာတဲ့ကောင်မလေးတွေကို ပြုံးပြတယ်။ ကောင်မလေးတွေက သူနဲ့ဓါတ်ပုံရိုက်လိုက် လက်မှတ်ထိုးခိုင်းလိုက်နဲ့ အလုပ်ရှုပ်နေကြတုန်း ကောင်မလေးတစ်ယောက်ကမေးတယ်။

"Oppa ဒီကို ဘယ်လိုရောက်နေတာလဲ"

"သူ့ကိုလာကြိုတာ"

ရုတ်တရက်ကြီး ဘေးမှာရပ်နေတဲ့ ကျွန်တော့်ကို လက်ညှိုးထိုးပြတော့ အကြောင်သားလေးရပ်နေမိတယ်။

"ကိုယ် ပြန်‌တော့မှာမို့လို့ ကျောင်းသူလေးတို့လည်း အိမ်ကိုကောင်းကောင်းပြန်ကြနော်။ ဒါနဲ့ ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဒါကကိုယ်တို့ကြားက လျှို့ဝှက်ချက်အဖြစ်ပဲထားထားပေး။ အကိုဖန်တွေက ပြောစကားနားထောင်မယ်မလား။ ဘယ်သူ့ကိုမှပေးမသိနဲ့ သိပြီလား"

"ဟုတ်ကဲ့"

"လိမ်မာတယ် အကို့ဖန်လေးတွေက။ ဒီမှာ လက်ဆောင် album.  ကဲ ပြန်ပြီနော်။ Baekhyunie လာ"

ကျွန်တော့်လက်ကိုဆွဲပြီး ကားတံခါးပါဆွဲဖွင့်ပြီးတော့ ကားထဲ၀င်ထိုင်ခိုင်းပြီး ပြီးမှသူလည်း ကားပေါ်တက်ကာမောင်းလာခဲ့တော့တယ်။ ကျန်ခဲ့တဲ့ ကျောင်းသူတွေကတော့

"သူတို့က ဘာလားဟ"

"တူအရီးတွေနေမှာပေါ့"

"Baekhyun မှာ ဒီလိုဦးလေးမျိုးရှိတာ ငါတို့ကိုလျှိုထားတယ်ကြည့်စမ်း"

*ကျောင်းသူတွေဟာ တချိန်ကျရင် သူတို့ထင်တာမှားမယ်ဆိုတာကို သိခဲ့ပါလျှင်...*

Love You So MuchWhere stories live. Discover now