Park Chanyeol က Byun Baekhyun ကို ချစ်စနိုးနဲ့ခေါ်တာ Baekhyunie တဲ့
Byun Baekhyun က Park Chanyeol ကိုချစ်နိုးနဲ့ခေါ်တာ Chanyeollieတဲ့ဒီကောင်လေးနှစ်ယောက်က အချင်းချင်းခေါ်ဆိုဖို့ နာမည်လေးတွေကို ဆန်းဆန်းလေးတွေခေါ်ဆိုကြတာ ဘာကြောင့်များလဲ
စတွေ့ကတည်းကတောင် စက္ကန့်ပိုင်းလေးမှာတင်ပဲ ရင်းနှီးခဲ့ကြတယ်။
Traineeကတည်းက vocal classတွေပြီးလို့ အိမ်အတူတူပြန်ရင် နားကြပ်တစ်ခုကို အတူမျှပြီး တစ်ယောက်တစ်ဖက်နားထောင်ရင်း အတူအိမ်ပြန်ကြတယ်။
အဆောင်မှာ အခန်းအတူတူကျတော့လည်း တစ်ယောက်က အေးတတ်ပြီး တစ်ယောက်က ပူတတ်လို့ အိပ်ရက် တစ်ယောက်အတွက် အဲကွန်းကို အအေးလျှော့ပြီး နောက်တစ်ယောက်ကတော့ အင်္ကျီချွတ်အိပ်လိုက်ရင်း အခန်းအပူချိန်နဲ့အအေးချိန်ကို မျှတအောင် သုံးစွဲကြတယ်။
Debut ပြီးနောက်ပိုင်းမှာ အရင်ကထက် ပိုပြီးရင်းနှီးလာကြတယ်။
ချန်းယောလ်လီက အရယ်လွန်ရင် သူများကိုရိုက်တတ်တဲ့ကောင်လေးတစ်ယောက်။ ဒါပေမယ့် ဘတ်ဟျွန်းနီးနဲ့ အတူရှိနေရင်တော့ ကိုယ့်လက်ကို အရမ်းသတိထားတယ်။
ချန်းယောလ်လီကို ဝေဖန်မှုတစ်ချို့ရှိနေချိန်မှာတောင် ဘတ်ဟျွန်းနီးက ချန်းယောလ်လီဘက်ကနေ ရပ်တည်ပြီး ယုံကြည်ပေးခဲ့တယ်။
ထမင်းအတူတူစားနေချိန်မှာတောင် ချန်းယောလ်လီက ဘတ်ဟျွန်းနီးကို ခွံ့ကျွေးဖို့မမေ့သလို ဘတ်ဟျွန်းနီးကလည်း ချန်းယောလ်လီကို ပြန်ခွံ့ကျွေးဖြစ်တယ်။
ဂိမ်းဆော့လို့ ဘတ်ဟျွန်းနီးနဲ့ တစ်သင်းတည်းအတူမကျရင်တောင် အသင်းနာမည်မှာ ဘတ်ဟျွန်းနီးနာမည်ကိုထည့်ပေးတယ်။
စင်ပေါ်မှာဆိုရင် ချန်းယောလ်လီဘာဖြစ်နေလဲဆိုတာကအစ ဂရုတစိုက်လိုက်ကြည့်နေပြီး ချန်းယောလ်လီဘောင်းဘီဇစ်ပြုတ်တာတောင် သတိပေးပေးတယ်။
ဘတ်ဟျွန်းနီးက တစ်ခုခုလိုချင်ရင် လက်ညှိုးသာထိုးလိုက် အကုန်ဖြစ်စေရမယ်ဆိုတဲ့ ချန်းယောလ်လီက အဆင်သင့်ရှိနေတယ်။
ချန်းယောလ်လီက စိတ်ကောက်ပြီဆိုရင် မရမကလိုက်ချော့ပေးမယ့် ဘတ်ဟျွန်းနီးရှိတယ်။
ESTÁS LEYENDO
Love You So Much
Fanficintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...