Love You So Much (part-12)

64 10 0
                                    

အပိုင်း(၁၂)
.
.
.

ကစားကွင်းရောက်တော့ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းတွေရယ် ဆရာရယ် ပြီးတော့ ဟိုလူကြီးနဲ့ သူ့သူငယ်ချင်းတွေက အတူတူဆော့ခဲ့ကြတယ်။

ဟိုလူကြီးနဲ့ သူ့သူငယ်ချင်းလိုက်မယ်ဆိုတာကိုတော့ မနေ့ညကတည်းက Chenတို့ကို‌ေပြာထားပြီးသားမို့ သူတို့က လည်း အတူဆော့ဖို့ ခွင့်ပြုကြသည်။ဘာကြောင့်ရယ်တော့မသိဘူး ကျွန်တော့ သူငယ်ချင်း Kyungsoo အနားမှာ ကျွန်တော်နေရတယ်ကို မရှိဘူး။

ဟိုလူကြီးသူငယ်ချင်းက အချိန်ပြည့်ကျွန်တော့သူငယ်ချင်းနား လိုက်ကပ်နေတာ ၊ အဲ့လူကိုတော့သနားမိတယ်။ Kyungsoo ကြည့်ရတာ ဟိုလူကသူ့ကို ပင်ဂွင်း‌ေလးလို့‌ေခါ်လို့ ဒေါသတွေထွက်ပြီးမနည်းထိန်းချုပ်ထားကတဲ့ပုံပဲ။ ဒေါသပေါက်ကွဲလာရင်တော့ ကန်ဒိုတုတ်စာမိပြီး ဟိုလူသေတော့မယ်။

ဆရာတို့ကိုကြည့်တော့လည်း ဆရာကသူ့ရည်းစားဖြစ်သူနဲ့ မုန့်ခွံ့ကျွေးလိုက် ကိုနေလိုက်နဲ့ နှစ်ယောက်တစ်ကမ္ဘာဖြစ်နေကြတာ။ အဲ့တာကြောင့် Luhan က အတွဲတွေနောက်ကို ဘယ်လိုမှမလိုက်ချင်ဘူးပြောတာနေမယ်။

အခုလည်း ဓါတ်ပုံအတူတူရိုက်မလို့ဆိုပြီး နှစ်ယောက်သား လက်တွေကို တစ်‌ေယာက်တစ်ဖက်စီ‌ေမြှာက်ပြီး အသည်းပုံပုံစံဖော်နေကြသေးတယ်။ Luhan နဲ့ပဲ ကစားတော့မယ်လုပ်တုန်း ဟိုလူကြီးက အနားရောက်လာပြီး ပြီးရင်သရဲအိမ်၀င်ကြမလားတဲ့။
အဲ့အခါကျမှ Kyungsoo ကနေ

"သရဲအိမ်က မ၀င်ပါနဲ့လား Baekhyun နဲ့ အဆင်မပြေလောက်ဘူး"

"ဘာလို့လဲ"

"Heart attack ဖြစ်မှာစိုးလို့"

"Baekhyunie က နှလုံးရောဂါရှိတာလား"

"အာ ရပါတယ် ၀င်ဆော့မယ်ကြလေ။ ကျွန်တော်လည်းအဆင်ပြေနေပါတယ်"

"Baekhyun အဆင်ပြေပါ့မလား ငါစိတ်မချဘူးနော်"

"Kyungsoo ရာ ငါယောက်ျားပါကွ အဲ့လောက်လေးနဲ့ ကြောက်စရာလား"

"ကဲ ဒါဆို ငါလက်မှတ်သွားဖြတ်ပေးမယ်"

Kyungsoo လက်မှတ်သွားဖြတ်ဖို့သွားတုန်း Jongin hyung ကပါ သူ့နောက်လိုက်သွားသည်။ Kyungsoo ရာ မင်းတုံးလိုက်တာ သူ့ခမျာ မင်းကိုကြိုက်လို့ အဲ့လောက်လိုက်ကပ်နေတာကို ဘေးကကြည့်နေရတဲ့ ငါတောင် မြင်တယ်။ မင်းသာမမြင်တာ။

Love You So MuchDonde viven las historias. Descúbrelo ahora