အပိုင်း (၄၇)
.
.
.
"ဦး ရရဲ့လား အဆင်ပြေရဲ့လား""ရင်တုန်နေတယ် ဘယ်လိုလုပ်ရမလဲ"
"အဆင်ပြေပါတယ်။ အဖေကလည်း ဦးကိုသဘောမကျတာမှမရှိတာ သဘောတူမှာပါ"
ဒါကတော့ မနက်စောစောစီးစီး ချစ်လှပါချည်ရဲ့ဆိုပြီး လက်ထပ်ခွင့်ပါတောင်းထားတဲ့ Park Chanyeol တစ်ယောက် ယောက္ခမကြီးကိုသွားတွေ့ကာနီး ရင်တွေတုန်လာလို့ စိတ်ကိုလျှော့ဖို့ချော့ပြောနေရတဲ့ Byun Baekhyun ရဲ့ ချော့သံတွေပဲဖြစ်ပါတယ်။
"အိမ်ရှေ့ပဲရောက်နေပြီ လာတော့ အချိန်မရှိဘူး"
Baekhyun ကတော့ ခြံတံခါးဖွင့်၀င်သွားရင်း အိမ်ထဲသို့တစိုက်မတ်မတ်ပြေး၀င်သွားသည်။
"ငါလုပ်နိုင်ပါတယ်။ Park Chanyeol ရာဇ၀င်မှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ဖိုက်တင်း!"
ကိုယ့်ကိုယ်ကိုအားတင်းရင်း ခြေလှမ်းတွေပြန်လည်စတင်လိုက်သည်။
"အာ Chanyeol ပါပါလာတာပဲ ထိုင်ကြလေသားတို့ နားကြဦး အအေးသောက်ကြဦးမလား ဘာသောက်မလဲ"
Baekhyun အဖေ၏ ချိုချိုသာသာပြောသံကြောင့် Chanyeol ရင်အေးသွားရသည်။
"အဆင်ပြေတာပဲချပေးပါ ဖေဖေ"
"ဖေဖေ?"
"အာ ဦးလေးကို ကျွန်တော့်အဖေတစ်ယောက်လိုခံစားမိလို့ပါ ခေါ်လို့အဆင်ပြေပါ့မလား"
"ရတာပေါ့ Chanyeol ကလည်း သားတစ်ယောက်လိုဖြစ်နေတာပဲကို ဒါနဲ့ သားဒီကို ဘာဖြစ်လို့လာတာလဲ အလုပ်ကိစ္စလည်း အလည်သက်သက်လား"
ဥက္ကဌ Byun၏ မေးခွန်းမှာ Chanyeol တစ်ယောက် ချွေးပြန်လာသည်။ ထို့ကြောင့် သက်ပြင်းအသာချရင်း
"ပြောရမယ်ဆိုရင်တော့ အစကတော့ ကျွန်တော် အချိန်ဆွဲမလို့ပဲ ဒါပေမယ့် အခုရဲရင့်မှမှန်မယ်လို့ထင်တယ်။"
Baekhyun ရဲ့ လက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။
"ကျွန်တော် ဖေဖေ့ရဲ့သားကို လက်ထပ်ချင်ပါတယ်"
"ဟေ!!!"
"လက်ခံရခက်မယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အခွင့်အရေးပေးမယ်ဆိုရင် ကျွန်တော် ဘာမဆိုလုပ်ဖို့ဆုံးဖြတ်ပြီး ဒီကိုလိုက်လာတာပါ"

ESTÁS LEYENDO
Love You So Much
Fanficintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...