Love You So Much (part-5)

105 13 0
                                    

အပိုင်း(၅)
.
.
.
ဒီကောင်လေး ခုရက်ပိုင်း တစ်အားပျောက်နေပါလား။ ပျောက်တာလည်းကောင်းပါတယ် မဟုတ်ရင်လည်း ငါ့ကို ဦးလေး ဦးလေးနဲ့ နားငြီးရဦးမယ်။

ဘယ်လိုဟာလေးမှန်းမသိဘူး အမြင်ကိုကပ်တယ်။ လူကိုတွေ့တိုင်း ဦးလေးခေါ်တယ်။ သူ့ဘိုးတော်ကို ဦးလေး။

Chanyeol တစ်ယောက်မဆီမဆိုင် Baekhyun က ဦးလေးဟုခေါ်သည့်ကိစ္စကို တင်းနေသည်။

*Nananananananana~~~"
ဖုန်းထဲမှ X-EXO၏ Love Shotသီချင်းသံမှာ သူငယ်ချင်းဖြစ်သူ Kim Jongin၏ ဖုန်းခေါ်ဆိုမှုကြောင့်ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"Hello"

"Chanyeol မင်း ဘယ်အချိန်ပြန်လာမှာလည်း"

"ငါနှစ်ပတ်လောက်တော့ကြာမယ်။ အလုပ်သမားတွေအတွက် စီစဉ်စရာရှိတာ စီစဉ်ရဦးမှာ ဘာဖြစ်လို့လဲ"

"ဘာရယ်တော့ မဟုတ်ဘူး မြန်မြန်ပြန်လာပါကွာ။ ငါပျင်းနေပြီ"

"ပျင်းရင်အလုပ်ထွက်"

"ဟာ သူငယ်ချင်းကလည်း စတဲ့ဟာကို မနောက်ရဘူးလေ"

"မင်းကြီးတော်ကြီးကိုစ"

"မင်းနဲ့ ဟိုကလေး အခြေအနေဘယ်လိုရှိလဲ"

"ဘယ်လိုရှိရမှာလဲ မေးထူးခေါ်ပြောဒီလိုပဲပေါ့ကွ"

"မသိပါဘူး ငါက မင်းပြန်မလာတော့ အဲ့မှာများ တစ်အိုးတစ်အိမ်ထူထောင်နေပြီလားလို့"

"ဒီ-$#*++;ကတော့ ငါ့ကို လာစနေပြီ ပြန်လာမှ မင်းဖေကြီးက သေချာဆုံးမပေးမယ်"

ဖုန်းထဲကနေ Jongin၏ ရယ်သံကြီးမှာ ကျယ်လောင်စွာထွက်ပေါ်လာသည်။ထို့နောက် အလုပ်ကိစ္စတစ်ချို့ပြောပြီး ဖုန်းချခဲ့သည်။ ဒင်းကပျင်းရင် အဲ့လိုပဲ ဖုန်းလျှောက်ဆက်နေကျ။

ဟိုတစ်နေ့က သူ့ကို ထိုကောင်လေးကို ကယ်တင်ခဲ့ပုံကိုရှင်းပြခဲ့မိတယ်။ အဲ့တာကိုဒင်းက တို့နှစ်ယောက်ဖြစ်ပုံက ရုပ်ရှင်မင်းသမီးက ဒုက္ခရောက်နေတာကို မင်းသားက ကယ်တင်သလိုပဲတဲ့ဆိုပြီး အတင်းပေးစားနေတာ။

ဆိုးလ်ကို ပြန်ရောက်မှ ဒင်းကို အလုပ်တွေ အ‌ေသပေးရမည်။

************

Baekhyun တစ်ယောက် အိမ်နားက သူထိုင်နေကျ ဘန်ဒါပင်ကြီးအောက်မှာ ထိုင်နေသည်။ ခုတစ်လောအတွင်း သူဘယ်မှလည်း မသွားဖြစ် အိမ်တွင်းပုန်းနေသည်။

Kyungsoo ကလည်း ဆိုးလ်မှာကျောင်းသွားတက်ရန် ပြင်‌ဆင်နေရသဖြင့် Baekhyun နှင့် သိပ်မတွေ့ဖြစ်။

ခုတလော Baekhyun တစ်ယောက် ကိုယ့်စိတ်ကိုသေချာ ပြန်ဆန်းစစ်မိသည်။ ထိုလူကြီးနှင့်တွေ့တိုင်း သူတစ်ခုခုခံစားရသည်။ ထိုလူကြီးရဲ့ အပြုံးကိုပဲ အမြဲမြင်ယောင်မိနေသည်။

သူချစ်မိသွားတာလား။ မဖြစ်နိုင်သေး။ ထိုဂွတီးဂွကျလူကြီး သူ့အာရုံထဲရောက်လာတာက သူ့တစ်မူထူးတဲ့ပုံကြောင့် စိတ်ထဲစွဲနေတာ ဖြစ်မှာပါလေ ဟူ၍သာ စိတ်ထဲမှတ်ထင်ထားမိသည်။

ထို့နောက် အဖေဖြစ်သူ၏ ဟိုတယ်သို့ အပျင်းပြေသွားမည်ဟုတွေးကာ စီးတော်ယာဉ် စက်ဘီးလေးစီးကာသွားလိုက်သည်။
ဟိုရောက်တော့ အ‌ဖေဖြစ်သူနှင့် ထိုလူကြီးနှင့် စကားတွေပြောနေကြသည်။

"အဖေ"

"သား ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

"ပျင်းလို့"

"ဖြစ်ရမယ် ဒီကောင်လေးကတော့"

အဖေကသူ့အားပြုံးပြပြီး ထိုလူကြီးဘက်လှည့်ကာ

"ဒါဆိုဥက္ကဌParkက နောက် နှစ်ပတ်နေရင် ပြန်မှာပေါ့"

"ဟုတ်တယ်ဗျ"

"ဟိုတယ်မှာသာ တည်းသွားတယ် အဆင်ရောပြေရဲ့လား"

"ပြေတာထက်ကိုပိုပါတယ်ဗျာ"

Baekhyun ရင်ထဲတစ်မျိုးဖြစ်သွားသည်။
ထိုလူကြီးပြန်တော့မည်ဆိုတာနှင့် တစ်ခုခုကို လွမ်းသလိုဖြစ်လာသည်။ မသိရင် သူ့ရည်းစားက သူ့ကိုခွဲသွားသလိုလိုဘာလိုလိုနှင့်။

"အဖေ သားပြန်တော့မယ်"

"ဟင် မင်းခုမှရောက်တာလေ နေပါဦးဟ"

"Kyungsoo ဆီသွားချင်လာလို့"

"အမျိုးမျိုးပဲကွာ သွား"

Chanyeol ထိုကောင်လေးမျက်နှာကို သတိထားမိသည်။
သူပြန်မှာကို မပြန်စေချင်လို့လားဟုထင်ရအောင် ထိုကောင်လေးနှင့် သူနှင့် သိပ်လည်းမခင်မိခဲ့။

ဟိုတစ်ခါသူ့ကိုကူညီခဲ့တာရယ် လမ်းမှာ မျက်မှန်းတန်းမိတာရယ်ပဲရှိတာ
အလုပ်ကြောင့်သာပြန်ရတာပါ တကယ်တော့ ဒီနေရာလေးက နေလို့တော့ကောင်းသား

************************************
မင်းရှိတဲ့နေရာဆို ဘယ်နေရာဖြစ်ဖြစ်လှပတယ်လို့ ပြောမိရင် ကိုယ်ပိုလွန်းရာကျသွားမလားဟင်

************************************

Love You So MuchOù les histoires vivent. Découvrez maintenant