အပိုင်း (၄၆)
.
.
.
"ဦးကလည်း ကြာလိုက်တာ iPad ကလည်းဘယ်ရောက်နေတာမို့လို့လဲ"အကြောင်းအရင်းကတော့ gameဆော့ကြမည်ဟုစီစဉ်ထားကာ ခရီးလာတုန်းက ခွဲထားသည့်အဖွဲ့အတိုင်း ဆော့ကြရသည်။ ဂိမ်းပုံစံကလည်း ဒီနားပတ်၀န်းကျင်မှာ ဖွက်ထားသည့် Ipadကိုရှာရမှာမို့ နေရာကျယ်ဆိုတော့ နည်းနည်းတော့အခက်တွေ့သည်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ ကိုယ်ကိုယ်တိုင်က မျောက်ရှုံးအောင်ဆော့ရတာ ဝါသနာပါသည်ဆိူတော့ ဆော့ရတာပေါ့။ ပထမဆုံးက Chanyeol ပြောပြသည့်အတိုင်း အိမ်ထဲမှာပဲရှာလိုက်သည်။ အခန်းပေါင်းများစွာရှိတဲ့ အိမ်အကြီးကြီးထဲမှာ တစ်ခန်း၀င်တစ်ခန်းထွက်နှင့် လူကလည်း ချွေးစို့နေပြီ။ Chanyeol ကတော့ တခြားသူတွေနဲ့အပြိုင် အိမ်အပြင်ထွက်ရှာပြီး မထွက်ခင်ပြောသွားသေးသည်။
"ကလေး အပြင်မှာနေပူတယ်။ ကိုယ့်ကလေးလေးကို လေထိတာတောင်လွန်လှပြီ နေမထိစေချင်လို့ အိမ်ထဲမှာပဲ အေးအေးဆေးဆေးလေးနေနော်"
သူကသာ အိမ်ထဲနေရင်အေးအေးဆေးဆေးဖြစ်မည်ဟုတွေးခဲ့တာ အခန်းတိုင်းလိုက်ရှာရတဲ့ Baekhyun မှာတော့ မောလို့ ရှာတာလက်လျော့ပြီး Chanyeol လာမှပဲ မတွေ့ဘူးဟုပြောကာ အရှုံးခံမည်ဟုစဉ်းစားထားသည်။
ရေခဲသေတ္တာထဲက ရေဗူးလေးထုတ်ရင်း ရေမော့သောက်မိတော့ ခေါင်းထဲရောက်လာတာက
"ကျန်တဲ့သူတွေက ဘယ်မှာရှာနေကြတာပါလိမ့်"
ထိုအချိန်မှာပဲ အိမ်ထဲသို့၀င်လာသော Luhan ကိုလှမ်းတွေ့လိုက်သည်။
"Luhan ရေ ရှာတွေ့လို့လား"
"ဟမ်...အဲ...မတွေ့သေးဘူး ဖုန်းကျန်ခဲ့လို့ လာယူတာ။ မင်းရော ရှာတွေ့လား"
စားပွဲပေါ်မှာ ဖုန်းလာယူသည့် Luhan ကို Baekhyun မသင်္ကာစွာကြည့်နေမိသည်။ ရိုးရိုးတန်းတန်းလေး မေးတာကို စကားထစ်ပြီး ပြန်ဖြေနေသည်က ထူးဆန်းမလား။ ဒါပေမယ့် ဘာမှမသိရှာသည့် Baekhyunကတော့ ဒီအတိုင်းပဲနေပါစေလေဆိုပြီးဘစကားဆက်ပြောနေမှာအသေအချာပင်ဖြစ်သည်။
"တော်ပြီ အဲ့ကိစ္စက ဦးလုပ်လိမ့်မယ်။ သူရှာတွေ့တော့လည်း တွေ့ပေါ့"

ESTÁS LEYENDO
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...