အပိုင်း(၁၄)
.
.
.
နောက်တနေ့ ကျောင်းတက်ရက်ရောက်တော့ အဖေပြောသလို ကားဒရိုက်ဘာ ဦးလေးတစ်ယောက် အိမ်ရောက်လာတယ်။ ဦးလေးကောက်လာတော့ ဟိုဦးလေးနဲ့ တွေ့ရဖို့ရှားသွားပြီပဲ။ စိတ်ထဲနည်းနည်းတော့၀မ်းနည်းမိတယ်။ ဒလပေမယ့် ဘယ်တတ်နိုင်မလဲ သူလည်း သူ့အလုပ်နဲ့သူ ကိုယ်လဲ ကိုယ့်အလုပ်နဲ့ကိုယ်လေ သူ့ကိုနှောင့်ယှက်မိသလိုဖြစ်နေမှာပေါ့။ ဟုတ်သားပဲ ဒရိုက်ဘာဦးလေး ရောက်လာပြီဆိုတဲ့ အကြောင်း ဖုန်းလှမ်းဆက်ရဉီးမယ်။ကျွန်တော် ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ပြီး contact ထဲက နာမည်တစ်ခုကို ဖုန်းခေါ်မိတယ်။ တစ်ဖက်က ပြန်လည်ဖြေကြားခြင်းမရှိသေးတာတောု် စိတ်ထဲမှာ သူ့အသံကိုကြားချင်စိတ်က ပိုများနေတယ်။ ခနအကြာတော့ ကြားလိုက်ရပြီ။
"ဟယ်လို Park Chanyeol ပါ"
"ဟယ်လို ဦး"
"Baekhyunie လား"
"ဟုတ်ကဲ့ ကျွန်တော်ပါ"
"အင်း ဘာကိစ္စလဲ နေမကောင်းဘူးလား တစ်ခုခုဖြစ်လို့လား"
"မဟုတ်ပါဘူး နေကောင်းပါတယ်။ ဟိုလေ ကျွန်တော်တို့အိမ်ကို ကားဒရိုက်ဘာဦးလေးကြီးရောက်လာပြီ အဲ့တာလေ ဦးကျွန်တော်သူနဲ့ပဲ အသွားအပြန်လုပ်တော့မယ်နော်။ ဦးကိုလည်း ကျေးဇူးတင်ပါတယ်။"
တစ်ဖက်က ဘာမှပြန်လည်ပြောကြားခြင်းမရှိပဲ ငြိမ်သက်နေသည်မို့ ကျွန်တော်နားစွင့်နေမိသည်။
"ဒါဆို ကိုယ်ကြိုအပို့မလုပ်တော့ဘူးနော်။ နေကောင်းအောင်နေဦး။ အပြင်တွေအရမ်းမသွားနဲ့ အအေးမိမယ်"
"ဟုတ်ကဲ့"
"ဒါဆို ဒါပဲနော်"
"ဟုတ်ကဲ့ဦး"
ပြောဆိုခြင်းမရှိတော့သော ဖုန်းခေါ်ဆိုမှုလေးနှင့်အတူ ဖုန်းလေးကိုသိမ်းပြီး ကျောင်းသွားဖို့ပြင်ရသည်။
တစ်ဖက်တွင်လည်း အကြောင်းအမျိုးမျိုးဖြင့်တွေ့ရန်အကြောင်းဖန်နေသည့်ကောင်လေးတစ်ယောက်ရှိနေခဲ့သည်ဆိုတာကိုတော့မသိခဲ့။...
************
"Baekhyun တစ်မှိုင်မှိုင်တစ်တွေတွေနဲ့ ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"
YOU ARE READING
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...