အပိုင်း(၂၃)
.
.
.
စာမေးပွဲကမနက်ဖြန်ဖြေရမှာ
သူငယ်ချင်းနှစ်ယောက်ကတော့ အသည်းအသန်တွေကိုဖြစ်လို့။ စာမပျက်မိတဲ့အကျိုးဆက်တွေလေ။ တယောက်ကတော့ ရည်းစားနဲ့ချစ်တီတူးနေလို့။ နောက်တယောက်ဖြစ်တဲ့ ကျွန်တော်ကတော့..... အင်း...ဒီလိုပါပဲ တွဲဖို့ကို စဉ်းစားတုန်းပေါ့။" Ya Baekhyun ဘာတွေတွေးနေတာလဲ မြန်မြန်လုပ် engစာအုပ်ခနပေးဦး"
"ဟင် ဪ အင်း အင်း ဒီမှာ"
*Rover Rover Rover*
Kyungsoo ဆီမှဖုန်း၀င်လာသည်။ ဒီကောင် အဲ့သီချင်းတော်တော်ကြိုက်နေပုံပဲ တချိန်လုံးဒါပဲဖွင့်နေတဲ့အပြင် ခုလည်းဖုန်းသံပါပြောင်းထားပြီ
"ဟယ်လို ကိုကို"
*ကိုကိုတဲ့ အမယ်လေး ကြက်သီးထစရာတွေ*
"ဟာ မနက်ဖြန်စာမေးပွဲရှိလို့ အသည်းအသန်ဖြစ်နေတယ်လေဗျာ အရေးမကြီးရင်ဖုန်းမဆက်နဲ့ဦး"
"..."
"ဟာ မရစ်နဲ့ဗျာ အလုပ်ရှုပ်နေတယ် ဒါပဲ"
ဖုန်းကိုချလိုက်တာ ခွပ်ကနဲပဲ။
"Kyungsoo, Jongin hyung က ဘာတဲ့လဲ"
"Faတွေမသိပါဘူးကွာ"
ဒေါသစိတ်အားချိုးနှိမ်ကာ သကောင့်သားရဲ့ ခေါင်းတည့်တည့်အား တိုက်ကွမ်ဒိုကွက်ဖြင့်ချထည့်လိုက်တော့သည်"
"Yarrr စာတွေပြန်မေ့တော့မယ်ကွ!!!"
"စာသာမေ့တာ ရည်းစားကျမမေ့တဲ့အကောင် ကျက်ထားသမျှစာ တလုံးမှမမှတ်မိပါစေနဲ့"
ထိုသို့ဖြင့် စာကျက်ချိန်မှာ ဆူညံသွားရလေသည်။
***********
နောက်နေ့စာမေးပွဲပြီးတော့ အခန်းထဲကထွက်လာချိန် ကျောင်းပြတင်းပေါက်ကနေ ဦးကိုလှမ်းတွေ့ရသည်။ သူလာကြိုတာများလား။ ဖုန်းလည်းမဆက်ဘူး။ သူ့အနားလျှောက်သွားမှ ပါးချိုင့်အား ထင်းနေအောင်ပြုံးကာလက်ပြနေသည်။ ကျောင်းသူတွေကတော့ တော်သေးတာပေါ့ သူ့အာရုံနဲ့သူမမြင်ကြလို့။ တော်ကြာနေ Loeyကျောင်းလာတယ်ဆိုပြီး ဟိုတခါကလိုနာမည်ကြီးနေမယ်။ ဒီလိုနဲ့ သူ့ကိုဆွဲကာ ကားပေါ်တက်ပြီးကာမှ မေးရသည်။

KAMU SEDANG MEMBACA
Love You So Much
Fiksi Penggemarintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...