အပိုင်း(၁၉)
.
.
.
အဲ့နေ့ကတည်းက ကျတော်ဦးကိုစကားမပြောဖြစ်။ အမှန်တော့ မနေတတ်တာလည်းပါမည်။ မတော်တဆဖြစ်မိတာပေမယ့် နမ်းသလိုကြီးဖြစ်သွားတာကျ မကောင်းဘူးမလား။ဒီလိုနဲ့ပဲ အတန်းတက်ခဲ့တယ်။ Luhanကတော့ တိတ်တဆိတ်ပဲ သူ့ဖုန်းကိုပဲ အာရုံစိုက်ပြီး စာတွေရိုက်နေတယ်။ သိပါတယ် သူနဲ့ Sehun Hyung တို့ တွဲနေကြပြီဆိုတာ။ Kyungsoo ကသာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာ တချို့တွေသူ့ထက်လက်မြန်ပြီးတွဲကုန်ကြပြီ။ ဟူးးးပြန်တွေးကြည့်တော့လည်း ကိုယ်တယောက်တည်း အဖော်မဲ့ဖြစ်နေတာပဲ။ ငါလည်း ဦးကိုဖွင့်ပြောလိုက်ရင်ကောင်းမလား။ တကယ်လို့ဦးကငြင်းရင်ဘယ်လိုလုပ်မလဲ။ နဂိုကမှရင်းနှီးအောင်မနည်းလုပ်ယူထားရပါတယ်ဆိုနေ။ အဲ့လိုဖွင့်ပြောလိုက်ရင် ပြန်စိမ်းသွားဦးမယ်။
ကိုယ့်အတွေးနဲ့ကိုယ်နေနေတုန်း Chenက အသံပြဲပြဲနဲ့
"Baekhyun မှိုင်မနေပဲ အပြန်ကျရင် ငါတို့နဲ့တနေရာကိုလိုက်ခဲ့ဦး"
"ဘယ်ကိုလဲ"
"ရောက်ရင်သိမယ်ကွာ"
ကျန်တဲ့လူတွေကိုကြည့်တော့လည်း ပြုံးစိပြုံးစိနဲ့ဖြစ်နေကြသေး။ သူတို့တကယ်ဘာတွေကြံစည်နေပါလိမ့်။ ရုပ်တွေကိုက မဟုတ်ကဟုတ်ကရုပ်တွေနဲ့။
ဒီလိုနဲ့ပဲအပြန်ကျတော့ Chen ပြောသလို သူငယ်ချင်းတွေအကုန်စုပြီး တော့ပုကီဆိုင်ကိုသွားကြတယ်။ မုန့်စားနေကြတာလည်း သာမန်လိုပဲ။ ကြည့်ရတာခုနက ရောက်ရင်သိမှာပေါ့ဆိုတာ ဒီဆိုင်မှာမုန့်လာစားဖို့များလား။ ဒီကောင်တွေစားပြီးပြန်မယ်ဆိုပြီး ငါ့ကိုမုန့်ဖိုးတွေရှင်းခိုင်းရင်းတယောက်တည်းထားခဲ့မှာတော့မဟုတ်ဘူးမလား။ တွေးနေရင်းနဲ့ပဲ Kyungsoo က
"ဟေ့ကောင်တွေသိလား ညက ငါတို့အိမ်ရှေ့မှာလေ အတွဲတတွဲကွာ ကားပေါ်မှာ မွမွလုပ်နေကြတာ မြင်မကောင်းဘူး"
"ဟေ မင်းဘယ်လိုဖြစ်ပြီးမြင်သွားတာလဲပြောစမ်းပါဦး"
"အဟွတ်* အဟွတ်"
Kyungsoo ရဲ့စကားကို Luhan က ပြုံးစိစိနဲ့၀င်ထောက်တော့ ကျွန်တော်စားနေတဲ့တော့ပုကီလေးတောင်သီးသွားရသည်။

VOCÊ ESTÁ LENDO
Love You So Much
Fanficintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...