အပိုင်း (၃၇)
.
.
.
"သားလေး သတိရပြီလား"ကြားလိုက်ရတဲ့အဖေဖြစ်သူအသံ။
အတွေတွေကို ပြန်စုစည်းမိတော့ ဟုတ်သားပဲ ဦးက နိုင်ငံခြားသွားနေတာလေ။ ငါကတော့ ပေါက်ကရတွေတွေးမိပြီ။စိုးရိမ်တကြီးကြည့်နေတဲ့ အဖေဖြစ်သူရဲ့မျက်နှာမှာ အနည်းငယ်ပျက်ယွင်းနေတာကိုလည်းတွေ့ရသည်။ စိတ်ထင်တာပဲဖြစ်မှာပါလေ။
"Baekhyun sii တစ်နေရာရာကနာတာမျိုးရှိလား"
"အဲ့လိုတော့မရှိပါဘူး"
"လောလောဆယ်တော့ အထိုင်အထမလုပ်ပါနဲ့ဦး ဖြည်းဖြည်းချင်းသက်သာမှ လှုပ်ရှားတာမျိုးလုပ်ပါ။ တစ်ခုခုလိုတာရှိရင်လည်း ကျွန်တော်တို့ကိုလှမ်းပြောပေးပါ"
"ဟုတ်ကဲ့ ဒါနဲ့ ကျွန်တော်နဲ့အတူခွဲစိတ်တဲ့သူရောဟင်။ သူကရော သတိရပြီလား။ ကျေးဇူးတင်စကားလေးပြောချင်လို့ပါ"
"သူက....သတိရပြီး ဆေးရုံပြောင်းသွားပါတယ်"
မှိုင်ကျသွားတဲ့ဆရာ၀န်ရဲ့မျက်နှာနဲ့ အဖေဖြစ်သူရဲ့မျက်နှာကိုမြင်လိုက်သည်။ သေချာတယ် တစ်ခုခုလျှိူ့ဝှက်ထားတာမျိုး ရှိကိုရှိရမယ်။
"ဘာလို့လဲ တစ်ခုခုအဆင်မပြေလို့လား"
"ပြေပါတယ်။ သူကပြောင်းချင်တယ်ဆိုလို့ပါ။ ကျန်တာကတော့ လူနာရဲ့ ကိုယ်ရေးကိုယ်တာအရ ကျွန်တော်တို့လည်း ပြောပြလို့မရပါဘူး"
"အဆင်ပြေရင်လေ ကျွန်တော်က အရမ်းကျေးဇူးတင်ပါတယ်လို့ တစ်ဆိတ်လောက်ပြောပြပေးပါနော်"
"ဟုတ်ကဲ့ ပြန်ပြောပေးပါ့မယ်။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး round လှည့်စရာလေးရှိသေးလို့ပါ"
"ဟုတ်ကဲ့ ကျေးဇူးပါဆရာ"
ဆရာ၀န်ပြန်သွားပြီးချိန်မှာတော့ အဖေဖြစ်သူဘက်ကိုလှည့်ကြည့်မိချိန် သူ့ဆီမှာ မျက်ရည်တွေဝဲနေတာကိုတွေ့လိုက်ရသည်။
"အဆင်ပြေရဲ့လားသား"
"အဆင်ပြေပါတယ်"
"တစ်ခုခုဖြစ်ရင် အဖေ့ကိုပြောပြနော်။ ဒီတစ်ခါလိုတော့ ထပ်ပြီး လျှိုမထားပါနဲ့တော့သားရယ်။ အဖေလေ သားရဲ့သတင်းကြားပြီး ဘယ်လောက်စိုးရိမ်သွားတယ်ထင်လဲ"
VOUS LISEZ
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...