အပိုင်း (၃၃)
.
.
.
ဦးသိသွားတာလား။"ပြောလေ Baekhyunie ဘာလို့ ကိုယ့်ကို ဒီကိစ္စကိုမပြောပဲ ထားထားတာလဲလို့"
"ကျွန်တော်..."
"မင်း ကိုယ့်ကို တစ်စက်ကလေးမှ နားမလည်ဘူးပဲ"
"အဲ့လိုမဟုတ်..."
"ဘာမဟုတ်တာလဲ ကိုယ်က ဂရုစိုက်ပေးနေရင် အမြဲတမ်းနောက်ဆုတ်ပြီး အားနာတယ်။ Baekhyunie သိလား ဘာလို့ အမြဲတမ်းဂရုစိုက်နေရလဲဆိုတာ"
"..."
"ချစ်လို့ Baekhyunie ကို အရမ်းချစ်လွန်းလို့နေရာတကာ ဂရုစိုက်ပေးနေတာ။ ဒါပေမယ့် Baekhyunie က ဦးကိုဆိုရင် အမြဲတမ်းဖုံးကွယ်တယ်။ အခုလည်း ဒီနှလုံးခွဲစိတ်ရမယ့်ကိစ္စ။ ဒီစာရွက်ကိုသာ မတော်တဆမမြင်ခဲ့မိရင် Baekhyunie နဲ့ ခွဲရမှာ။ ရှင်ကွဲမဟုတ်ဘူး သေကွဲကွဲရမှာ။ Baekhyunie က အဲ့လိုဖြစ်ချင်နေတာလား။ ဟမ်။ ဖြစ်ချင်တယ်ဆိုရင်တောင် ဦးကဖြစ်ခွင့်ပေးမှာမဟုတ်ဘူးနော်။ အတ္တကြီးတယ်ပဲပြောပြော ဦးမသေခင်အချိန်အထိ Baekhyunie ကို မရရအောင် ဦးဘေးမှာ အသက်ရှင်ခိုင်းထားမှာ"
"ကျွန်တော်...ဖုံးကွယ်တယ်ဆိုတာက...ဦး ကျွန်တော်ကဒီလိုပုံစံဖြစ်နေတာကို မြင်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့လေ"
"တော်ပြီ Baekhyunie တော်လိုက်တော့။ ကိုယ်ကဂရုစိုက်ပေးတာကို အမြဲတမ်းခေါင်းရှောင်နေတာတွေတော်လိုက်တော့။ ဒီမှာ တွေ့လား ဓါး။ "
Chanyeol က ဘေးကအသီးနွှာဓါးကို ကောက်ယူလိုက်သည်။
"ဆက်ပြီး ကူမှုခံယူဖို့ကိုရော ဦးရဲ့ဂရုစိုက်မှုတွေကိုရော ငြင်းနေမယ်ဆိုရင် Baekhyunie ထက် အရင်ထွက်သွားမယ့်သူက ဦးပဲဖြစ်လိမ့်မယ်"
ပြောရင်း လည်ပင်းနားကိုဓါးတေ့လိုက်သည်။
"ဦး!!!!ဦးးးမလုပ်ပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်။ ဦး အဲ့ဓါးကို ခနချထားပေးပါ။ ဦးပြောသမျှ အကုန်လုပ်ပါမယ်။ ဓါးခနချပါနော်"
Baekhyun မှာ Chanyeol ကို အသည်းအသန်တားရင်း မျက်ရည်များကျနေသည်။
"ခုချိန်ကစပြီး ဆေးရုံတက်။ ကားပေါ်မှာ အထုတ်ပြင်ထားပြီးပြီ ချက်ချင်းလိုက်ခဲ့"
YOU ARE READING
Love You So Much
Fanfictionintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...