Love You So Much (Part - 41)

49 8 2
                                    

အပိုင်း (၄၁)
.
.
.
"ဘာလို့ ဒီလောက်ထိများ အိပ်နေနိုင်ရတာလဲ။ ကျွန်တော့်ကိုမမြင်ရရင်မနေနိုင်ဘူးဆိုပြီး အခုကျတော့ မျက်လုံးတွေမှိတ်ထားတယ်။"

"ကျွန်တော် စာမေးပွဲဖြေရတော့မှာ ဒါပြီးရင် ကျောင်းပိတ်ပြီ။ "

"ကျွန်တော် ဦးမရှိတဲ့ နွေရာသီကို မဖြတ်သန်းချင်ဘူး ကျေးဇူးပြုပြီး နိုးလာပါနော်။"

ဒီနေ့လည်း အရူးလိုပဲ စကားတွေလာပြောရပြန်ပြီ။ ရင်ထဲမှာ ပူလောင်လိုက်တာ။ တွေးရင်း မျက်ရည်တွေကျလာပြန်ပြီ။ ခမ်းသွားပြီထင်တဲ့မျက်ရည်တွေဟာ ချစ်ရသူကိုမြင်ရတော့လည်း ပြန်လည်စီးကျလာရပြန်ပါတယ်။

************

အမှောင်ခန်းတစ်ခု...

*ငိုသံကြားတယ်*

ဘယ်ကိုရောက်နေလဲမသိပဲ Chanyeol တစ်ယောက် ငိုသံတစ်ခုကိုပဲကြားနေရတယ်။ မှောင်နေတော့ ဘာမှလည်း သဲသဲကွဲကွဲမမြင်ရဘူးလေ။

*ရှာရမယ် ကျွန်တော့် ကမ္ဘာငယ်လေးကို မ‌တွေ့သေးဘူး။ သူဘယ်လိုပုံစံလဲဆိုတာ မမှတ်မိဘူး။ ဘာလို့မမှတ်မိတော့တာလဲဆိုတာကိုလည်း မသိတော့ဘူး။ ဒါပေမယ့် ကျွန်တော်သိတာက သူကသိပ်ပြီးအမှောင်ကြောက်တတ်တာ။ ကျွန်တော် သူ့ကိုရှာရမယ်။ သူ့ဆီကိုပြန်ရမယ်*

လိုက်ရှာပေမယ့် ရှာမတွေ့ဘူး။ ဒါပေမယ့် ရှေ့ကိုလျှောက်တော့ အလင်းတန်းလေးတစ်ခုတွေ့တယ်။ ဆက်လျှောက်သွားတော့ ကောင်လေးတစ်ယောက်က ရှိုက်ကြီးတငင်ကို အော်ငိုနေတာ။ အနားကပ်သွားကြည့်လိုက်တဲ့ အချိန်မှာ သူဘယ်သူလဲ ကျွန်တော််မသိဘူး။ မမှတ်မိဘူး။

သူမော့ကြည့်လာတဲ့အချိန်မှာပဲ သူနဲ့အကြည့်ချင်းဆုံသွားတယ်။ ငိုနေတဲ့သူက ကိုယ့်ကိုလည်းမြင်ရော ချက်ချင်းပြုံးလာတယ်။

ထိုစဉ်ပဲ မှတ်ဉာဏ်တစ်ချို့ စကားသံတစ်ချို့က ခေါင်းထဲကို အစီအရီ၀င်လာသည်။

*"Baekhyunie က ဦးကိုမချစ်တော့ဘူး"

"မဟုတ်ပါဘူး"

"ဒါဆိုလည်း ချစ်တယ်ပေါ့လေ"

"ကျွန်တော်ကဆိုးမှာနော်"

Love You So MuchWo Geschichten leben. Entdecke jetzt