Love You So Much (part - 29)

40 8 2
                                    

အပိုင်း (၂၉)
.
.
.
ကျွန်တော်တို့က ဒီလိုခွဲခွါရမယ်ဆိုရင်လည်း ကံတရားက ကျွန်တော်တို့ကို ဘာကြောင့်ဆုံစည်းစေခဲ့တာလည်း။

အချစ်စစ်နဲ့ ချစ်ကြသူတိုင်းရဲ့ အချစ်ရေးလမ်းဟာ ဘာလို့ ဘယ်သောအခါမှ ဖြောင့်ဖြူးခြင်းမရှိရတာလဲ

အဲ့ဒီ့နေ့

အဲ့ဒီ့နေ့ဦးနဲ့ပထမဆုံးစတွေ့တဲ့နေ့ကသာ ဦးကို လမ်းမညွှန်ပေးမိခဲ့ရင် ဒီလိုအကြောင်းကိစ္စမျိုးတွေဖြစ်ပေါ်လာနိုင်ပါ့မလား

တစ်ခါတစ်လေကျတော့လည်း Minaဆိုတဲ့ အမျိုးသမီးပြောသွားတာမှန်ပါတယ်။

ကျွန်တော်က သာမာန်ကျောင်းသား။ ဦးက အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက် စီးပွားရေးသမားကောင်းတစ်ယောက်။ ကျွန်တော်လိုလူနဲ့ လက်တွဲရင် ဦးရဲ့ အနာဂတ်က အဆင်ပြေမှာတဲ့လား။

ကျွန်တော် နာကျင်ရလည်း ခနပေါ့။ အချိန်တန်ရင် အရာအားလုံးဟာ အတိတ်တစ်ခုအဖြစ်ပဲကျန်ခဲ့မှာ။ ဦးအတွက်ကတော့ ခုချိန်မှနောက်မဆုတ်ရင် အနာဂတ်က ဘယ်လိုကံဆိုးမှုတွေကြုံလာမလဲမပြောနိုင်ဘူး။ အဲ့တာကြောင့်မို့လို့ ကျွန်တော်နာကျင်နေရင်နေပါစေ။ ဦးကတော့ ဆက်ဆက်ကောင်းမွန်ပျော်ရွှင်တဲ့ဘ၀မှာနေရမယ်နော်။ ဟိုအမျိုးသမီးနဲ့ အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပါတယ်။

ဟိုတခေါက်လဲကျသွားတုန်းက ဆရာ၀န်ကပြောတယ် နှလုံးရောဂါက အခြေအနေပိုဆိုးလာပြီတဲ့လေ အစားထိုးတာမျိုးမလုပ်ရင်မရဘူးတဲ့။

အဟက် ကံကလည်းဆိုးလိုက်တာ နှလုံးသားက ခံစားချက်ရော နှလုံးသားကိုယ်တိုင်ရောက ဒဏ်ရာဒဏ်ချက်တွေချည်းပဲ။ ဒီလိုအချိန်မျိုးဆိုရင် ဘေးမှာ မေမေရှိနေရင် ဘယ်လောက်ကောင်းမလဲ။ မွေးကတည်းက တခါမှတောင် မမြင်လိုက်ရလို့ထင်ပါရဲ့ မေမေ့ရဲ့ အငွေ့အသက်ကို ခံစားချင်မိဖူးတယ်။

ကျောင်းစာတွေကတော့ Kyungsoo ကိုပဲအားကိုးရတာပေါ့ သူ့ကိုလည်းအားနာလှပြီ အမြဲတမ်း စာဆိုရင် သူကနှစ်ယောက်စာလုပ်ရသလိုတောင်ဖြစ်နေပြီ။ သူငယ်ချင်းလေးကိုလည်း သူ့ရဲ့အရာရာမှာ ပျော်ရွှင်ရပါစေလို့ ဆုတောင်းပါတယ်။

Love You So MuchDonde viven las historias. Descúbrelo ahora