Love You So Much (Part -33)

40 6 0
                                    

အပိုင်း (၃၃)
.
.
.
"ကဲ အဖေပြောတော့ Minaက မိန်းမကောင်းလေးပါဆို။ ဘယ်လိုလဲ ခုတော့ အဲ့မိန်းမကောင်းလေးက ထောင်နန်းစံနေရပါရောလား"

"..."

အဖေဖြစ်သူကတော့ဘာမှမပြော သို့သော် မိထွေးဖြစ်သူက သူ့သမီးကို ဒီလိုလုပ်ရကောင်းလားဆိုပြီးပွဲကြမ်းနေလေရဲ့။

"Park Chanyeol မင်းကို ငါ ငါ့သားမို့သည်းခံနေတာနော်။ အခု ငါ့သမီးကို နင်ဘာလုပ်လိုက်တာလဲ!!!"

"တိုးတိုးပြောပါ ကျွန်တော့်ကလေး လန့်သွားမယ်။ Baekhyunie အဆင်ပြေရဲ့လား လန့်သွားသေးလား"

"ဒီကောင်ကတော့။ ယောကျာ်း ရှင့်သားကို ဘာမှမပြောတော့ဘူးလား"

"အသာနေစမ်းပါ မင်းကပူညံပူညံလုပ်ဖို့ပဲတတ်တယ်"

ရန်ဖြစ်ကြတော့မယ့် ဖအေနဲ့ မိထွေးနဲ့ကို ခန်းမထဲမှာထားခဲ့ပြီး ဟိုတယ်ရဲ့ အနောက်ပေါက်ကနေပဲ ကလေးကိုခေါ်ထုတ်လာခဲ့သည်။ သူလေးကတော့ ဘာကိုမှမသိသလို ကြောင်တောင်တောင်လေးကြည့်နေရှာသည်။

"ဦး ဘာတွေဖြစ်နေတာလဲဟင် ကျွန်တော့်ကိုပြောပြပါလား"

"ကလေး အခုမြင်ခဲ့တာတွေအကုန်လုံးက အမှန်တွေပဲ။ ဦး ကလေးကလွဲရင် ဘယ်သူနဲ့မှမပက်သက်ချင်ဘူး။ အဲ့တာကြောင့် ဦးတို့ကြား ၀င်နှောင့်နေတဲ့အနှောင့်တွေကို ဒီနည်းနဲ့ရှင်းထုတ်ပစ်တာ။ ပြီးတော့ ကလေးအပေါ်ထားတဲ့ ဦးရဲ့အချစ်ကိုလည်း အထင်မလွဲစေချင်ဘူး။ အရာအားလုံးကို ရှင်းရှင်းလင်းလင်းသိသွားအောင် ဒီမင်္ဂလာပွဲခေါ်လိုက်တာ။ ကလေးသာမလာရင် ဦးဘာမှမရှင်းပြရပဲဖြစ်မှာစိုးလို့ ကလေးလာပါစေလို့ဆုတောင်းလိုက်ရတာလည်းအမော။"

ပြောနေရင်း သူလေးကိုအကဲခတ်ကြည့်တော့ မျက်ရည်လေးဝဲရင်း လက်သည်းခွံတွေကိုဆိတ်နေသည်။ ကားထဲမှာလည်း နှစ်ယောက်တည်းရှိနေပြီး အားလုံးကတိတ်ဆိတိနေသည်မို့ သူ့ရဲ့ ရှိုက်သံလေးကိုကြားလိုက်ရသည်။

"ကျွန်တော်က...ကျွန်တော်က...ဦးကို အဆင်ပြေပြီး ပျော်ရွှင်စေချင်ခဲ့တာ။ Minaကို လူကောင်းထင်ပြီး သူနဲ့ဦးနဲ့သာပေါင်းဖက်ရင် အဟင့်...ဦးကောင်းကောင်းမွန်မွန်ရှိမယ်ထင်ခဲ့ပြီး ကျွန်တော်နောက်ဆုတ်ပေးခဲ့တာ။ အဟင့် ခုတော့ ကျွန်တော့လက်နဲ့ ဦးကို အဟင့် ဒုက္ခတွင်းထဲတွန်းပို့မိသလိုဖြစ်သွားတာ။ အဟင့် ကျွန်တော်မကောင်းတာ။ ကျွန်တော်မကောင်းတာ အီးးးဟီးး"

Love You So MuchWhere stories live. Discover now