Love You So Much (part-11)

77 9 0
                                    

အပိုင်း(၁၁)
.
.
.
Chanyeol တစ်ယောက် Baekhyun တို့ကို ကျောင်းပို့မလို့ ကားပေါ်တက်တုန်း Jonginကပါ ကားပေါ်တက်လာသည်။ နောက်ခန်းထဲသို့ ၀င်ထိုင်လိုက်သည်မို့ Chanyeol က

"မင်းက ဘာလုပ်ဖို့ ၀င်ထိုင်တာလဲ"

"လုပ်စရာမရှိဘူး ပျင်းနေလို့ ကားလိုက်စီးမလို့"

"ပျင်းနေရင် ငါ့ရုံးခန်းထဲက ဖိုင်တွဲတွေကို စစ်နေပါလား ဘာလုပ်ဖို့လိုက်မှာလဲ"

"စိတ်မ၀င်စားဘူး"

"ဒါဆို ဒုဥက္ကဌ ရာထူးကနေပါထွက်လိုက်ပါလား ဘာလို့ငါ့စီးပွားရေးမှာလာပြီး အချိန်ဖြုန်းနေတာလဲ"

"တစ်ရက်တည်းပါကွာ မင်းကလေးနဲ့ ရှေ့မှာ အတူတူစီးလို့ရအောင်လည်း နောက်မှာထိုင်ရသေးတယ်"

"နောက်မှာထိုင်ပြီး ဟိုကလေးလေးနဲ့ အတူတူစီးချင်လို့ ဉာဏ်များနေတာ ငါမသိဘူးမထင်နဲ့"

"ဟဲဟဲ ကဲ မောင်းတော့ ကျောင်းနောက်ကျကုန်မယ် ဒါနဲ့ငါလိုက်မှာနော်"

"မသိတော့ဘူးဟေ့ လုပ်ချင်သလိုသာလုပ်တော့"

အဲ့လိုနဲ့ သူတို့လည်း Baekhyun တို့ကိုသွားကြိုဖို့ သူတို့အိမ်ရှေ့ရောက်တော့ Baekhyun နဲ့ Kyungsoo တို့ အိမ်ထဲ‌ကနေထွက်လာကြတယ်။ Jongin က နောက်မှာ ထိုင်နေတော့ Baekhyun က ဘယ်မှာထိုင်ရမလဲဆိုပြီး ကြောင်‌တောင်တောင်လေးဖြစ်သွားတော့ Jonginက

"ညီလေး အရှေ့မှာထိုင်လိုက်နော် အကိုက အဲ့မှာစီးရင် မူးတတ်လို့"

"ဟုတ်ကဲ့"

Kyungsoo ကတော့ လွတ်နေတဲ့ Jonginဘေး ၀င်ထိုင်တာပေါ့ ၀င်သာထိုင်တယ် လက်ကနေ ဖုန်းမချတော့ Jonginက စပ်စပ်စုစုနဲ့ သူဘာများလုပ်နေပါလိမ့်လို့ ချောင်းကြည့်လိုက်တာ Kyungsoo က ကြော်ငြာလိုလိုဘာလိုလိုဟာတွေကြည့်နေတာကိုတွေ့လိုက်တယ် ဘယ်အချိန်ကြည့်ကြည့် အဲ့တာတွေပဲမို့ သူလည်း မေးကြည့်လိုက်တာ

"အဲ့တာ ဘာလုပ်နေတာလဲဟင်"

Kyungsoo က မျက်စောင်းနဲ့ကြည့်ပြီး ဘာစကားမှပြန်မပြောတော့ Jonginတစ်ယောက် ကြောင်အမ်းအမ်းနဲ့ ဖြစ်နေပြီး Chanyeol ကို ကားနောက်ကြည့်မှန်ကနေကြည့်လိုက်တော့ Chanyeol ကအဲ့ကနေ သူ့ကိုကြည့်ပြီး ကြိတ်ရီနေသည်မို့ မှန်ကနေတစ်ဆင့် အသံတိတ်ဆဲမိလိုက်သည်။

Love You So MuchOù les histoires vivent. Découvrez maintenant