HAPPY BIRTHDAY BAEKHYUN ❣️

29 5 1
                                    

Hello! Wake up guys. Today is Baekhyun's birthday!!!

အချစ်တော်လေး ဗြောင်ဘတ်ဟျွန်းက ဒီနေ့ဆိုရင် အသက်တစ်နှစ်ကြီးသွားပါပြီ။ မွေးဖွားလာပြီးကတည်းက အရမ်းချစ်ဖို့ကောင်းလွန်းလို့ လူတိုင်းရဲ့အချစ်ခံလေးဖြစ်ခဲ့ပြီး အရွယ်ရောက်လာတဲ့အခါမှာလည်း အယ်ရီတွေရဲ့ဘ၀ထဲကို နတ်သားလေးတစ်ပါးလိုဖြူစင်တဲ့အချစ်တွေအပြုံးတွေနဲ့၀င်ရောက်လာခဲ့တယ်။

ဘတ်ဟျွန်းနီးလေးရဲ့ မွေးဖွားလာမှုက အယ်ရီတွေအတွက် တန်ဖိုးဖြတ်လို့မ‌ရလောက်အောင် အဖိုးတန်ပြီး ဘာနဲ့မှနှိုင်းယှဉ်လို့မရလောက်အောင် သာလွန်ပါတယ်။ အမြဲတမ်းတောက်ပတဲ့အပြုံးလေးတွေ တောက်ပတဲ့မျက်၀န်းလေးတွေ နတ်သားလိုကြင်နာတဲ့အပြုအမူလေးတွေနဲ့ သူ့ရဲ့အချစ်တွေကို သူချစ်ရတဲ့လူတွေကိုပြသပေးတယ်။

ကိုယ်ထိခိုက်မှာထက် ပရိသတ်တွေထိခိုက်မှာကိုစိုးရိမ်တယ်။ ကိုယ်အေးနေမှာထက် ပရိသတ်တွေ နွေးနွေးထွေးထွေးရှိနေဖို့ကိုစိုးရိမ်တယ်။ ကိုယ့်ပျော်ရွှင်မှုထက် ပရိသတ်ရဲ့ပျော်ရွှင်မှုကိုပဲ ပိုအလေးထားတယ်။

Twitter space လုပ်ရင်း ပရိသတ်တွေနဲ့အပြန်အလှန်စကားပြောနေရရင် သူ့မှာအရာအားလုံးကအရေးမပါတော့သလို အယ်ရီတွေပြောတာကိုပဲ နားထောင်ပေးပြီး အတူရယ်မောတယ် အယ်ရီတွေကတစ်ခုခုစိတ်ညစ်နေရင်တောင်နှစ်သိမ့်ပေးတယ်။ အယ်ရီရဲ့ အသံပဲကြားရပြီး မျက်နှာမမြင်ရရင်တောင် အဲ့ဒီ့အယ်ရီလေး ဘယ်ရောက်နေလဲ ဘာဖြစ်နေလဲဆိုတာကိုခန့်မှန်းနိုင်လောက်အောင်အထိ အယ်ရီတွေအပေါ်အာရုံစူးစိုက်မှုအပြည့်ရှိတယ်။

Insta live လွှင့်ရင်တောင် သူဘာလုပ်နေတယ်။ ဘယ်သွားမယ်ဆိုတာကိုပါအသေးစိတ်ပြောပြပေးတဲ့အပြင် မအားတဲ့ကြားကတောင် ကောမန့်တစ်ခုချင်းစီကိုသေချာဖတ်ပြီး စကားတွေပြန်ပြောပေးတယ်။

Bubble မှာစာပို့ရင်တောင် အယ်ရီတို့အကြောင်းသိသူပီပီ တီတီတာတာစာလေးတွေရေးပြီးပို့ပေးတယ်။

အပြင်မှာအယ်ရီတွေနဲ့တွေ့ရင်လည်း သူ့ကိုယ်သူအိုင်ဒေါဆိုတာကိုမေ့ မန်ဘာတွေကိုမေ့ပြီး အယ်ရီတွေရဲ့အနားကိုမရောက်ရောက်အောင်သွားတယ်။

နေမကောင်းရင်တောင် ဆေးသောက်ပြီး အယ်ရီတို့ပျော်ရွှင်ဖို့အတွက် အတတ်နိုင်ဆုံးကြိုစားပေးရှာတယ်။

ဆိုးတဲ့အယ်ရီတွေကိုတွေ့ရင်လည်း ဆူဖို့၀န်မလေးသလို နေမကောင်းတဲ့အယ်ရီတွေကိုတွေ့ရက်လည်း သူကူညီဖို့မအားရင်တောင် staffကိုပြောပြီးတော့ဖြစ်ဖြစ် ကူညီဖို့ပြောပေးတယ်။

အမြဲတမ်း အယ်ရီတို့ရေချစ်တယ်နော် အယ်ရီတို့ပျော်ရွှင်အောင်ဘာလုပ်ပေးရမလဲ အယ်ရီတို့နဲ့အချိန်အကြာကြီးအထိအတူရှိသွားချင်တယ် အယ်ရီတို့တစ်ယောက်ချင်းစီရဲ့ တစ်နေ့တာလေးတွေကိုသေချာနားထောင်ပေးတယ်။ ဒီလိုမျိုးလေးတွေလုပ်ပေးနေတဲ့အကို့ရဲ့နှလုံးသားက အရမ်းကိုနွေးထွေးဖြူစင်‌တယ်ဆိုတာသိသာ‌နေတယ်။

အိုင်ဒေါတစ်ယောက်အနေနဲ့ မဟုတ်ပဲ အဖေတစ်ယောက်လို၊ အကိုတစ်ယောက်လို၊ မိသာစစုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လိုပါ အယ်ရီတွေကိုချစ်ပေးလို့လည်းကျေးဇူးတင်ပါတယ်။ တန်ဖိုးဖြတ်မရတဲ့အမှတ်တရတွေ ချစ်ခြင်းမေတ္တာတွေပေးခဲ့လို့လည်းကျေးဇူးပါ။

အဲ့တာကြောင့်မို့လို့ ခုချိန်ကစပြီး နေ့ရက်တိုင်းမှာ ဘတ်ဟျွန်းနီးကို စက္ကန့်နဲ့အမျှချစ်မြတ်နိုးသွားပါမယ်။ ဘတ်ဟျွန်းနီးနဲ့အတူ ကောင်းအတူဆိုးအတူ ဖြစ်လာသမျှကိစ္စတွေကိုလည်းအတူရင်ဆိုင်ပေးသွားပါ့မယ်။

ပြီးတော့ အခုလို နေ့ကောင်းနေ့မြတ်လေးဖြစ်တဲ့ အကို့ရဲ့မွေးနေ့မှာ အကိုချစ်ရတဲ့သူတွေနဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေကိုအတူကုန်ဆုံးပြီး ကောင်းမွန်တဲ့အမှတ်တရကောင်းတွေကိုရရှိနိုင်ပါစေ။ နှစ်ပေါင်းများစွာအထိ လူတိုင်းရဲ့အချစ်ခံလေး ဘတ်ဟျွန်းနီး၊ အောင်မြင်နေတဲ့ဘတ်ဟျွန်းနီး၊ EXOရဲ့ ဘတ်ဟျွန်းနီး၊ ပရိသတ်တွေရဲ့ မျှော်လင့်ချက်လေးဘတ်ဟျွန်းနီးအဖြစ် ရပ်တည်သွားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်

All the best.
All my love is for you .
Happy birthday ❤️❤️❤️

Love You So MuchDonde viven las historias. Descúbrelo ahora