✨✨✨HAPPY EXO DAY✨✨✨

51 10 1
                                    

✨✨✨HAPPY 11TH DEBUT ANNIVERSARY  WITH EXO✨✨✨

Debutတာ 11နှစ်ပြည့်သွားလို့ ဂုဏ်ပြုပါတယ်👏👏👏

တောင်ကိုရီးယားရဲ့ အတော်ဆုံး အဆိုတော်အဖွဲ့ တစ်နည်းအားဖြင့် လူတိုင်းနီးပါးသည်းသည်းလှုပ်ချစ်ရတဲ့ EXOဆိုတဲ့ အဖွဲ့က စတင်ပွဲဦးထွက်ခဲ့တာ ဒီနေ့နဲ့ဆိုရင် 11နှစ်ပြည့်ပါပြီ🥳🥳🥳
အဆို၊ အက၊ သီချင်းရေးတာ၊ မော်ဒယ်၊ သရုပ်ဆောင်၊ စတဲ့ အနုပညာလှုပ်ရှားမှုတွေမှာလည်း အများနဲ့မတူအောင် ကြိုးစားခဲ့ပြီး ဆုပေါင်းများစွာကိုလည်း အောင်မြင်စွာ ခူးဆွတ်ထားခဲ့ပြီးပါပြီ👏👏👏👏👏

ပွဲဦးစထွက်ကတည်းက ကောင်းမွန်တဲ့ အနုပညာတွေကိုဖန်တီးပေးခဲ့တယ်။ပျော်စရာအချိန်တွေလည်းဖန်တီးပေးခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ၀မ်းနည်းစရာတွေရှိလာရင်လည်း ၀မ်းမနည်းတော့အောင် ဖြေသိမ့်ပေးတယ်။ အယ်ရီတွေအတွက်ဆိုရင်လည်း အမြဲတမ်း စိတ်ပူပေးတတ်တယ်။

အယ်ရီတွေမျက်နှာ တစ်ချက်ညိုးရင် နွေးထွေးတဲ့စကားလေးတွေနဲ့ အပြုံးပန်းဝေနိုင်အောင်လုပ်ပေးတယ်။ အမြဲတမ်း အယ်ရီတွေသာ နံပါတ်တစ် အယ်ရီတွေသာ အရာရာဆိုပြီး သက်သေပြပေးတယ်။ အမြဲတမ်း အယ်ရီတွေကို ဘယ်လောက်ချစ်ကြောင်းတစ်ဖွဖွပြောပေးတယ်။ သူတို့အကျိုးအတွက် အယ်ဘမ် အများကြီး၀ယ်ပါဆိုတဲ့ စကားအစား တစ်ယောက်ကို အယ်ဘမ်တစ်ခုစီ၀ယ်ပြီး ပိုတဲ့ပိုက်ဆံကို အနွေးထည်၀ယ်၀တ်ပါဆိုပြီး ပြောခဲ့တဲ့စကားလေးကို အခုထိမှတ်မိနေပါသေးတယ်။ 🥺🥺🥺

ပျော်စရာတွေရှိရင်ဝေငှမယ်။ စိတ်ညစ်စရာတွေရှိရင် သူတို့ပဲဖြေရှင်းတယ်။ နွေးထွေးမှုပဲပြသပေးမယ်။ အဖေတစ်ယောက်လို ရှေ့ကနေ အရာရာကို ကြိုတင်ကာကွယ်ပေးမယ်ဆိုပြီး အယ်ရီတွေကို ကာကွယ်ချင်စိတ်ဘယ်လောက်ရှိကြောင်းပြသပေးတယ်။ အနာတရဖြစ်ရင်တောင် ချစ်ရသူတွေကို အသိမပေးပဲ ကိုယ့်ဘာသာကို အဆင်ပြေအောင် ဖန်တီးခဲ့ကြတယ်။ အဲ့လိုလုပ်ရတဲ့ အကြောင်းအရာက တစ်ခုတည်း။ သူတို့ကြောင့် အယ်ရီတွေကို စိတ်မထိခိုက်စေချင်လို့ပါဆိုတာ ပေါ်လွင်နေပြီးသား။

အယ်ရီတွေဆိုးနေရင် ဆုံးမပေးတယ်။ အယ်ရီတွေက စိတ်ဓါတ်ကျနေရင် အားပေးတယ်။ အယ်ရီတွေက တော်နေရင် ချီးကျူးပေးတယ်။ အယ်ရီတွေက အများကြီးအားပေးနေရင် မျက်၀န်းကြည်ကြည်တောက်တောက်လေးတွေနဲ့ ကျေးဇူးတင်ပါတယ်။ ချစ်ပါတယ်ဆိုပြီး တဖွဖွပြောပေးတယ်။ ပရိသတ်ကတစ်ယောက်ပဲရှိတော့တယ်ဆိုရင်တောင် ဆက်ပြီးဖျော်ဖြေပေးသွားမယ်ဆိုပြီး ကတိပေးခဲ့ကတည်းက ပရိသတ်တွေကို ဘယ်လောက်တန်ဖိုးထားလဲသိသာနေတယ်။

Love You So MuchDonde viven las historias. Descúbrelo ahora