အပိုင်း (၅၁)
.
.
.
နောက်တစ်နေ့ရောက်တော့ နှစ်ယောက်သား အိပ်ယာနိုးတဲ့အချိန် Jongin က အရင်နိုးနှင့်ပြီး ရင်ခွင်ထဲရောက်နေသည့် Kyungsoo ကိုကြည့်နေသည်။ ဒါပေမယ့် ကြာကြာမကြည့်လိုက်ရ။ အအိပ်ကြမ်းသူက အင်းးးအအိပ်ကြမ်းချင်ယောင်ဆောင်သူက အင်းအဲလုပ်ရင်း ပက်လက်လှန်ရင်း မျက်နှာကျစ်ဖက်ကိုပြန်လှည့်သွားသည်လေ။ လက်ကလှုပ်ရင် နိုးသွားမှာစိုးတာကြောင့် ဘေးကနေပဲ တစ်ဆိမ့်ဆိမ့်ကြည့်နေရရှာသည်။ခနအကြာ ကြင်သူလေးနိုးလာတော့ ရေချိုးခန်းထဲမှာလည်း မျက်နှာသစ်တဲ့အချိန် Kyungsooရဲ့လက်ကမြောက်မရ။ ထို့ကြောင့် Jongin ကပဲ သွားတိုက် မျက်နှာသစ် အစအဆုံးလုပ်ပေးသည်။ ရေချိုးဖို့လုပ်တော့ မျက်စောင်းကရောက်လာသည်။ အ၀တ်လဲမည်ပြင်သော်လည်း ထိုမျက်စောင်းပဲဖြစ်နေသည်မို့ မနေ့ကအတိုင်းသာ ဘာမှမလဲတော့ပဲ စခန်းတွင် သော့ဖြေရန်ထွက်လာခဲ့ကြသည်။
တက္ကစီငှားရန် လမ်းပေါ်စောင့်နေသော်လည်း တစ်စီးမှမလာသည်မို့ လမ်းထိပ်ကားလမ်းမကြီးအထိသာလမ်းလျှောက်ပြီး ကြုံရာကားငှားရန်ဆုံးဖြတ်ခဲ့ကြသည်။ လမ်းလျှောက်နေရင်း Jongin က အခွင့်အရေးအမိအရယူရသေးသည်။ ဘေးက Kyungsoo ရဲ့လက်လေးကိုဆွဲရင်း သူ့လက်နှင့်အတူအိတ်ကပ်လေးထဲကိုဆွဲထည့်လိုက်သည်။
"ဘာလုပ်တာလဲ!"
"လက်ထိပ်တွေနဲ့ကို ဘေးကလူတွေကြောက်အောင်မလုပ်ပါနဲ့ကွာ"
ဘာစကားမှတော့ ပြန်ပြောမလာချေ။ ခေါင်းလေးငုံ့ပြီးလမ်းလျှောက်နေသည်။ ထိုစဉ်ကောင်မလေးတစ်ယောက်က ရှေ့လာရပ်တော့ နှစ်ယောက်သားမှာကြောင်အအ
"Kai oppaမလား ဟုတ်တယ်မလား"
"ဟုတ်ပါတယ်ဗျ"
Jongin ရဲ့ အပြုံးချိုချိုလေးတွေက သူချစ်ရတဲ့ Kyungsoo ရယ်၊ Member တွေရယ်၊ ပရိသတ်တွေရှေ့ရယ်ဆိုရင် ပြောမရအောင်ချိုသာနေသည်မို့ Kyungsoo ဘေးကနေလိုက်ကြည့်မိသည်။
"Oppa လက်မှတ်လေးထိုးပေးပါလား"
Jongin က အိတ်ကပ်ထဲက လက်ကိုထုတ်တော့ ထိုကောင်မလေးက အထူးအဆန်းပင် လက်ထိပ်တွေကိုလှမ်းကြည့်နေသည်။ ထိုအခါမှ Kyungsoo က ရှင်းပြရသည်။

ŞİMDİ OKUDUĞUN
Love You So Much
Hayran Kurguintro ကျွန်တော့်နာမည် Park Chanyeol အသက်က32 ကျွန်တော် အေးအေးဆေးဆေးနေရတာပဲကြိုက်တယ် ဒါပေမယ့် တစ်ခါတစ်လေ အာရုံလာလာနောက်တဲ့ ငဂျစ်တစ်ကောင်တော့ရှိတယ် ဘယ်လိုဟာလေးမှန်းကိုမသိဘူး ဂျစ်တီးဂျစ်ကန်နဲ့ ကျွန်တော်က အချိန်တိုင်းမအားဘူး အလုပ်အတွက်ပဲ အာရုံစိုက်နိုင်...