Part~3

13K 327 2
                                    

Unicode ver

ကြားလိုက်ရသည့်စကားသံကြောင့် ဒေါ်ရိုစီမယုံနိုင်စွာ အံ့အားသင့်မိသွားရသည်။ဘယ်လိုမှတွေးထင်မထားသည့်အရာကို  ဒီကောင်မလေးကပြောနေသည်ပဲ။ဆင်တူယိုးမှားရှိရန်ခက်တဲ့ထိုနာမည်ဟာ သူမတို့နဲ့ဘယ်မှာစိမ်းသက်လိမ့်မလဲ။ကောင်းကင်မျိုးဆက်။အဲ့ဒါ သမီးနဲ့လက်ထပ်ပေးမယ့်သတို့သားလောင်းနာမည်လေ။

''တကယ်ပဲလား၊အဲ့ဒါတကယ်လား
ဒါဆိုဘာလို့သည်းသက်ကငါ့ကိုမပြောနိုင်ရတာလဲ´´

''သူဖြစ်နေလို့ပဲမပြောနိုင်တာပါ´´

''နေဦး! သူတို့ချင်းကမသိကြဘူးမဟုတ်လား ဘယ်လိုဖြစ်ပြီး...ဘယ်တုန်းက´´

''ဒါတွေအားလုံးကို အိုင်းရစ်သိသလောက်ပြောပြပါ့မယ်။တကယ်တော့ မမလေးက.......´´

ရှည်လျားစွာပြောပြနေသည့်စကားတွေကို ဒေါ်ရိုစီငြိမ်ငြိမ်သက်သက်ပင်နားထောင်နေမိ၏။အဖြစ်အပျက်အလုံးစုံကိုနားလည်သွားလေတော့ သက်ပြင်းရှည်ကြီးတစ်ခုကို ခပ်ဖွဖွချမိလိုက်ရသည်။ပြီးတော့ကုတင်ထက်က သမီးမျက်နှာကိုတစ်ချက်ပြန်ကြည့်ရင်း ရင်ထဲ၌လည်းတစ်စုံတစ်ရာကိုအတိအကျဆုံးဖြတ်လိုက်တော့၏။ဤသည်က သမီးနဲ့အဲ့ဒီ့ကောင်လေးကို အမြန်ဆုံးလက်ထပ်ပေးဖို့အရေးပင်။

တကယ်တော့ဒီလိုကိစ္စမျိုးအတွက် သမီးရှင်ဘက်ကစလှုပ်ရှားဖို့ရန်မသင့်တာသူမလည်းမသိဘဲမနေပါ။အရင်ကတည်းကလည်း ဦးနေမျိုးဆက်ရဲ့ကမ်းလှမ်းမှုကြောင့်သာဒီအခြေအနေတွေအစပျိုးခဲ့တာ။အခုက ကိုယ့်သမီးမှာနစ်နာစရာပြသာနာပေါ်လာပြီမဟုတ်လား။ဒီတော့ ကိုယ့်ဘက်ကပဲမျက်နှာအောက်ချပြီး အစလုပ်ပြောရတော့မှာ။

''အင်း! ဟင်း!´´

''သမီး...သမီးသတိရလာပြီ´´

''မာမီ! သမီး...သမီးဘာဖြစ်သွားတာလဲ´´

မပွင့်တပွင့်မျက်ဝန်းလေးများပွင့်လာသည်နှင့်စိုးရိမ်တကြီးယောက်ယတ်ခတ်နေပြီး အားနည်းပျော့ခွေတဲ့ခန္ဓာကိုယ်လေးက ယိုင်တိယိုင်တိုင်နဲ့အတင်းရုန်းထလေ၏။ထို့ကြောင့် ဒေါ်ရိုစီအမြန်ပင်တွဲကူပေးလိုက်ပြီး...

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now