Part 60

7.4K 237 11
                                    

Unicode ver

''ဒါက တရားရင်ဆိုင်ဖို့အတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေပါ ဥက္ကဌကြီး´´

''ရှယ်ယာရှင်တွေရဲ့အခြေအနေကဘယ်လိုလဲ´´

''အဲ့ဒါထက်အရေးကြီးတဲ့ကိစ္စတစ်ခုရှိပါတယ်´´

ပြောပြလာသည့်မျက်နှာဟာအပျက်ပျက်အယွင်းယွင်းနှင့်ဖြစ်သည်မို့ ဦးနေမျိုးဆက် ဖိုင်တွဲတွေကိုလှန်လှောကြည့်နေရင်းမှ မျက်ရိပ်တစ်ချက်ပြကာ ဆက်ပြောခိုင်းလိုက်သည်။

''အခု ကျွန်တော်တို့ဆီကရှယ်ယာတွေကို အဆမတန်စျေးပေးပြီးလိုက်ဝယ်နေတဲ့ အကောင့်တစ်ခုပေါ်လာပါတယ်´´

''.....´´

''အကောင့်နာမည်က B.Y Black
သူ့အနောက်မှာတရုတ်နုိင်ငံအခြေစိုက်လုပ်ငန်းစုရဲ့backgroundရှိနေပါတယ်၊ကျွန်တော်တို့ရှယ်ယာရှင်တွေကိုလည်းတိတ်တဆိတ်စည်းရုံးထားတဲ့ပုံပဲ...ပြီးတော့ကျွန်တော်တို့ရဲ့ဒုတိယရှယ်ယာအများဆုံးဖြစ်တဲ့ Ruby Areaရဲ့ရှယ်ယာတချို့ပါ သူ့လက်အောက်ထဲရောက်နေပါတယ်´´

Ruby Areaကပါ ထောက်ခံနေတယ်တဲ့လား?တကယ်ပဲ အဲ့ဒီလူက ဘယ်သူများမို့လို့ Mr.Lu Weiက ခမည်းခမက်ဖြစ်တဲ့သူ့ကိုဘေးဖယ်ပြီး ဟိုဘက်ပါရတာလဲ။လွန်ခဲ့တဲ့ရက်က သူMr.Luဆီဆက်သွယ်ခဲ့သေးပေမယ့် တစ်ဖက်ကဒီကိစ္စထဲဝင်ပါချင်ပုံမရ။ပြောရရင်Grand Generationဟာ Ruby Areaရဲ့ထောက်ပံ့မှုနဲ့မကင်းဘူးမဟုတ်လား။အစကတည်းကလည်း သူ့သည်းသက်လေးနဲ့သားကို ပေးစားခဲ့တာ ဒီလိုထောက်ပံ့မှုရချင်ခဲ့၍ပါ။အခုအရေးကြီးနေတဲ့အခြေအနေမှာ Ruby Areaကသာ သူ့ဘက်မပါတော့ရင် ဦးနေမျိုးဆက်အနေနဲ့ကူကယ်ရာမဲ့သွားမှာအသေအချာ။

''အဲ့ဒီလူနဲ့ Ruby Areaကဘာပတ်သက်နေလို့လဲ´´

''ဒါတော့မသိရသေးပါဘူး
သူကလည်းအများရှေ့မထွက်လာဘဲ နောက်ကွယ်ကချုပ်ကိုင်နေတာပါ´´

''ဆက်ပြီးစောင့်ကြည့်ထား
မကြာခင်မှာ ရှယ်ယာရှင်အစည်းအဝေးလုပ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ဖို့စီစဥ်ထားလိုက်´´

~~~~~~ 🔥~~~~~~

စေ့ပိတ်ထားသောအခန်းတံခါးရှေ့၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည့် ခြေသံတစ်စုံဟာ ခပ်ပြင်းပြင်းရှိလှသည်။ရုံးဆင်းချိန်ရောက်နေပြီမို့ဝန်ထမ်းတွေမရှိတော့။သို့သော်ကားပါကင်မှာတော့ ဦးနေမျိုးဆက်ကားကရှိနေ၍မပြန်သေးကြောင်း သူသိသည်။အိမ်မှာသွားစောင့်လို့ရပေမယ့်လည်း ဘယ်လိုကြောင့်ရယ်မသိ၊အသည်းကိုအိမ်ပြန်ပို့ပြီးသည်နှင့် သူဒီနေရာကိုရောက်လာခဲ့တာဖြစ်သည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ