Part 32

10.6K 246 1
                                    

Unicode ver

''တောင်းပန်ပါတယ်
အန်တီ့မှာအရေးကြီးတဲ့တောင်းဆိုချက်လေးရှိလို့ ဒီကCEOနဲ့တွေ့မှဖြစ်မှာပါ´´

''စိတ်မရှိပါနဲ့ အန်တီ
ကျမတို့CEOက ဒီလိုတွေ့ချင်တိုင်းတွေ့လို့ရတဲ့သူမျိုးမဟုတ်ပါဘူး၊အကယ်လို့ သိပ်အရေးကြီးတယ်ဆိုရင်တောင် တွေ့ဆုံဖို့ကြိုတင်appointmentယူရပါတယ်´´

''ဒါပေမဲ့ အန်တီ့အတွက်အချိန်သိပ်မရတော့လို့ပါ´´

''ကျမက ဒီအကြောင်းCEOဆီအစီအရင်ခံပေးမှာမို့ နောက်ရက်မှပြန်လာခဲ့ပါ´´

ဘယ်လိုပဲတောင်းဆိုပါစေ၊receptionကဝန်ထမ်းမိန်းကလေးဟာ မျက်နှာထားတည်တည်ဖြင့်ပြန်လွှတ်နေလေ၏။ဒိတ်ဒိတ်ကျဲစီးပွားရေးလုပ်ငန်းရှင်တွေသာဝင်ထွက်သွားလာသောQueen Areaလိုနေရာမျိုးကို လုပ်ငန်းကြီးပိုင်ရှင်လည်းမဟုတ်၊လူရင်းအသိမိတ်ဆွေလည်းမဟုတ်ပါဘဲ အစိမ်းသက်သက်ဝင်ရောက်လာမိသည်ကပင် သူမအမှား။

သို့သော်ဒီအချိန်မှာဒါတွေကိုထည့်မတွက်နိုင်။သူမ,သိတာကသူ့သည်းသက်ဆိုသောCEOမလေးကိုတွေ့ခွင့်ရချင်သည်။ပြီးရင်တောင်းပန်ပြီး မျှော်လင့်တကြီးစောင့်နေမယ့်တစ်စုံတစ်ယောက်ထံခေါ်သွားချင်မိ၏။

သို့နှင့်အလျှော့မပေးစွာပင် ခြေလှမ်းကိုထပ်၍ရှေ့တိုးလိုက်ပြီး...

''အန်တီတောင်းဆိုပါတယ်
ခဏလေးပဲဖြစ်ဖြစ်ပါ သမီးရယ်´´

''ဒီလိုလုပ်နေရင်ဝတ္တရားနှောင့်ယှက်မှုနဲ့လုံခြုံရေးခေါ်ပြီးဆွဲထုတ်ရပါလိမ့်မယ် အန်တီ´´

အခြေအနေကအနည်းငယ်တင်းမာနေစဥ် receptionရဲ့မျက်နှာချင်းဆိုင်အရှေ့ဘက်မှန်တံခါးက ချပ်ခနဲလည်သွားလေ၏။ထို့နောက်အထဲသို့လျှောက်လှမ်းဝင်လာသော မိန်းကလေးသည် ဆင်စွယ်ရောင်style pantကိုစမတ်ကျကျဝတ်ဆင်ထားပြီး pantရဲ့ဘေးအောက်နားနှစ်ဖက်မှာခြေသလုံးပေါ်အောင်ပြန်ခွဲထားတာကြောင့် ခြေတစ်လှမ်းလှမ်းတိုင်းတလှပ်လှပ်လွင့်နေကာ ဆင်စွယ်ရောင်ဆွဲသားကြိုးတစ်လုံးcrop topပေါ်ကနေ အညိုရင့်ရောင် coatကိုထပ်ဝတ်ထားပုံက တကယ့်ကိုဖက်ရှင်ကျသည်။ရွှေအိုရောင်ဆံနွယ်တွေကို ခပ်မြင့်မြင့်စီးနှောင်ထားပြီး အညိုနုနုအသားပေးခြယ်သထားသောမျက်နှာနှင့် အညိုရင့်ရောင်နှုတ်ခမ်းက လိုက်ဖက်လွန်းလှ၏။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora