Part 49

5.5K 185 2
                                    

Unicode ver

သတ္တမတန်းစာသင်နှစ်မှာ ကောင်းကင်မျိုးဆက်ကျောင်းပြောင်းရသည်။အရင်ကသူတက်ခဲ့တဲ့ကျောင်းသေးသေးလေးဟာ ယခုနေအိမ်နဲ့များစွာဝေးကွာသည့်အတွက် အဖေ့အလုပ်ရှင်ဦးစိုင်းမာန်က သူ့သမီးတက်သည့်ကျောင်းမှာ ကိုယ်တိုင်လိုက်အပ်ပေးခဲ့တာဖြစ်၏။ထိုစဥ်ကဆို အဖေဟာ ခါးတွေကျိုးမတတ်အရိုအသေပေးရင်း ဦးစိုင်းမာန်ကိုကျေးဇူးတွေတင်နေခဲ့လေသည်။ဒီလိုအကောင်းစားကျောင်းမျိုးကို ထားပေးနိုင်ဖို့အိပ်မက်ပင်မမက်ဖူးကြောင်း...၊ယခုလိုဦးစိုင်းမာန်ရဲ့သဘောထားကြီးမှုအပေါ် လွန်စွာမှဝမ်းသာကြောင်းမျက်ရည်တဝဲဝဲနဲ့ပြောတော့ သူ့မှာရင်ထဲမချိခဲ့ပေ။

တကယ်ဆို သူက ထိုသို့သောလူချမ်းသာအသိုင်းအဝိုင်းထဲဝင်တိုးချင်သူမဟုတ်ခဲ့ပေ။ဘယ်ကျောင်းမှာသင်သင် ဒီစာကဒီစာပဲလေ။ကျောင်းကောင်းမှာတက်လည်း မကြိုးစားရင်ကျမှာပဲကို...။

''သား ဒီမှာ ထမင်းချိုင့်ရပြီ´´

''အဖေဘာလို့ထမင်းချိုင့်ပါထည့်နေရတာလဲ
သူဌေးက ဒီနေ့ကျောက်ဝိုင်းသွားမှာဆို လိုက်ပို့ရမယ်မလား နောက်ကျနေဦးမယ်´´

''မကျပါဘူးကွာ
ကျောက်ဝိုင်းက ခဏနေမှသွားမှာပါ၊ဒီနေ့က ကျောင်းစဖွင့်တဲ့ရက်ဆိုတော့ သူဌေးကသမီးလေးကိုကျောင်းလိုက်ပို့ဦးမှာ´´

''ဪ ဒါဖြင့် ကျွန်တော်သွားနှင့်တော့မယ်နော်
တာ့တာ´´

အိမ်ပေါက်ဝလှည့်ကြည့်ကာ လက်လေးဝှေ့ယမ်းနှုတ်ဆက်နေသည့်သားအား ဦးနေမျိုးဆက်ပီတိဖြစ်စွာကြည့်နေမိ၏။လွယ်အိတ်အဟောင်း၊ကျောင်းဝတ်စုံအဟောင်းလေးနဲ့ပဲ စာသင်နှစ်တစ်နှစ်ကိုစတင်ပြန်သည့်သားရဲ့ခပ်နွမ်းနွမ်းကျောပြင်ကိုကြည့်ကာ စိတ်လည်းမကောင်းမိ။သူလည်းမိဘပါပဲ။ကိုယ့်သားသမီးကို ဝတ်ကောင်းစားလှဆင်ချင်တယ်။ကောင်းပေ့ညွန့်ပေ့မှကျွေးချင်တယ်။သို့သော်လည်း ဘဝပေးအခြေအနေဟာ အသက်ရှူဖို့ပင်အနိုင်နိုင်ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ ချက်ချင်းဆိုသလိုရင်ထဲဆုံးဖြတ်မိသည်က သားကိုကျောင်းဝတ်စုံလေးဝယ်ပေးရမယ်။သားကလူကောင်ထွားပြီး အရပ်လည်းရှည်တော့ မနှစ်ကကျောင်းစိမ်းပုဆိုးလေးဟာ အနည်းငယ်တိုနေပြီလေ...။ဒါကိုတော့မဖြစ်မနေလုပ်ဖို့ ဦးနေမျိုးဆက်ရင်ထဲမှတ်သားထားလိုက်၏။ဒီနှစ်ဆိုသားက ၇တန်းကျောင်းသားကြီးတောင်ဖြစ်ပြီ။အဖေအပေါ်သိတတ်လိမ္မာလွန်းတဲ့သားလေးဟာ ငယ်စဥ်ကတည်းကဘယ်လိုဒုက္ခကိုမှမငြီးငြူခဲ့ဖူးပေ။အဖေ ဘာလုပ်လုပ်၊ဘယ်မှာနေနေ အမြဲတတွဲတွဲလိုက်ပြီး ဘာမေးခွန်းမှမရှိ၊ဘာငြိုငြင်မှုမှမရှိတဲ့သားလေးဟာ သူ့အတွက်တော့တကယ့်ကိုအဖိုးတန်လွန်းပါသည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now