Part -30

13.7K 292 2
                                    

Unicode ver

''CEOရှင့်´´

''အင်း! ဝင်လာခဲ့´´

သည်းသက်ဆီကခွင့်ပြုသည့်အသံကိုကြားမှ အတွင်းရေးမှူးမလေးက ဖိုင်တစ်ထပ်ကိုကိုင်ကာအခန်းထဲဆက်ဝင်လာလေ၏။ဒီရက်ပိုင်းမောင့်ရင်ခွင်ထဲမှာပဲမခွဲနိုင်မခွာနိုင် တကပ်ကပ်ချွဲနေဖြစ်တာကြောင့် အလုပ်ပျက်ရက်တောင်များနေခဲ့ပြီ။အခုအလုပ်ပြန်ဆင်းတာနဲ့ တန်းစီဝင်နေသည့်reaportတွေတစ်ပုံကြီးကြောင့် ခေါင်းတွေတောင်မူးချင်လာရသည့်အဖြစ်။

''ဒါလေး လက်မှတ်ထိုးပေးပါနော်
ပြီးရင် second meetingဝင်ရမယ့်အချိန်က နောက်နာရီဝက်အလိုပါ´´

''အိုကေ! အိုကေ!
ဒီဖိုင်ကို project managerဆီသွားပေးလိုက်´´

''ဟုတ်ကဲ့ CEO´´

''Ring! Ring!´´

လက်မှတ်ထိုးဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုကြည့်နေစဥ် ဖုန်းလေးကမြည်သံပေးလာ၏။သည်းသက်လှမ်းယူကြည့်တော့ ချစ်ရသူမောင့်ဆီကမို့ မျက်နှာလေးပြုံးမြသွားရကာ...

''Hello မောင်´´

''သတိရလိုက်တာကွာ
မောင့်သည်းသက်လေး ဘာလုပ်နေလဲ´´

''အလုပ်လုပ်နေတာပေါ့ရှင်
ပျက်ရက်များသွားတော့လုပ်စရာတွေကပုံနေရောပဲ၊အသည်းဖြင့်ခေါင်းတွေတောင်မူးပြီ´´

''ဟင်! ခေါင်းမူးတယ် ဟုတ်လား
အဆင်ပြေရဲ့လား ကလေး...အိမ်ပြန်မလား?မောင်လာခေါ်ရမလား´´

ကြည့်!ဒါလေးပြောရုံမျှနဲ့ မောင့်ဘက်ကအသံလှိုင်းဟာစိုးရိမ်မှုလေးတွေပါဝင်နေမှန်းသိသာသည်။အရင်ကဖြင့် ကမ္ဘာအသင်္ချေမုန်းပါမယ်ဆိုသူကြီးက အခုတော့သဲသဲကဲကဲတွေချစ်တတ်နေလိုက်တာများ စကားနဲ့နှိုင်းပြောဖွယ်မရှိ။ပုံမှန်နာမည်သူ့သည်းသက်တောင် မောင့်သည်းသက်ဖြစ်နေရလေပြီ။'သူ´လို့ရည်ညွှန်းခြင်းအဓိပ္ပာယ်မှာ မောင်ဆိုပြီးအပိုင်စားဖြည့်စွက်လိုက်တာလေ...။

မောင်ကောင်းကင်မျိုးဆက်က တကယ့်ကိုအတတ်ကလေး။

''hello အသည်း! တိတ်လှချည်လား
ဘာတွေစဥ်းစားနေတာလဲ´´

''ဟင်! ဪ ရတယ်မောင်ရဲ့
ပြန်လို့မဖြစ်ဘူး meetingလည်းရှိသေးလို့...ခေါင်းမူးတာကလေ ice creamလေးစားရင်များပျောက်မလားမသိဘူး ဟီး! ဟီး!´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now