Unicode ver
အကြည့်စိမ်းစိမ်းနဲ့ ဩရှပြီးအေးစက်စက်ဖြစ်နေတဲ့အသံကြောင့် ကလေးမမှာမျက်ရည်အဝိုင်းသားနှင့် အနောက်ဘက်သို့ထိုင်လျက်သားလေးလဲကျသွားသည်က ခွေခနဲ။လက်ထဲကိုင်လာသေးသည့်Unicornရုပ်ပိစိလေးဟာလည်း မြေပြင်ပေါ်ပြုတ်ကျသွားလေ၏။
တကယ်တော့ သူဒီလိုလေသံမာမာနဲ့ပြောချင်ခဲ့တာမဟုတ်ပါဘူး။ဒါပေမဲ့ စကားကိုနားထောင်ကောင်းအောင်၊ပြေပြစ်အောင်ဘယ်လိုပြောရမယ်မှန်းသူမသိဘူး။
''ကိုကိုက ဘာလို့အော်တာလဲ ဟင့်!''
''ငါ့အသံကဒီလိုပဲမို့''
''ဪ အာ့ဆို ဂျယ်ဂျယ်လ်ပြောပြမယ်
ဂျယ်ဂျယ့်ကိုမင်းလို့မပြောရဘူး...ဂျယ်ဂျယ့်လ်အရွယ်ကညီမလေး...ကိုကိုနဲ့ညီမလေး''သူ့ရင်ဘတ်ကိုလက်ညိုးလေးနဲ့ညွှန်သည်။ပြီးတော့ကိုယ့်ရင်ဘတ်ကိုလက်ညိုးလေးဖြင့်ဖွဖွထိကာ စိတ်လိုလက်ရစကားတွေလာပြောနေသည့်ပေါက်စလေးကို သူငြိမ်ငြိမ်သက်သက်သာငေးနေမိ၏။
ပေါက်စနရဲ့အသံလေးကချိုသည်။
အပြာရောင်မျက်ဝန်းလဲ့လဲ့လေးတွေက သိပ်လှ၏။ထိုမျက်ဝန်းတွေကိုသတိလက်လွတ်ငေးရင်း အညိုရောင်မျက်ဝန်းတစ်စုံဟာလည်း သိသာစွာအရောင်တစ်ချက်တောက်သွားခဲ့လေသည်။
သူ့ကိုဒီလိုစကားတွေအများကြီးလာပြောမယ့်လူရယ်လို့ရှိတာမဟုတ်ဘူး။ဒီကလေးလေးကဘယ်လိုဖြစ်လို့...
''ကိုကို ဒီမှာဘာလို့နေတာလဲ
လာ ထ...နေပူနေတယ်''သူ့ကိုစားမတတ်၊ဝါးမတတ်ကြည့်ပြီး လူသတ်မလိုရုပ်ပေါက်နေတဲ့ တောကောင်လိုအရိုင်းအစိုင်းအသွင်ကို သူမလေးကလုံးဝကြောက်လန့်ဟန်မရှိ။နေပူတဲ့နေရာကရွှေ့ဖို့တောင် အတင်းဆွဲထူနေသေးသည််။
သူချက်ချင်းလက်ကိုရုန်းပစ်လိုက်ပြီး...
''ဖယ်!
ဘာမှမသိဘဲ ဝင်မရှုပ်နဲ့''''ဒါပေမဲ့ နေက...''
''မင်း သူများခြံထဲဘာလို့ဝင်လာတာလဲ
ဒီကနေထွက်သွား''''ဂျယ်ဂျယ့်လ်ခွေးလေးက ကိုကို့ခြံထဲဝင်လာတာ''
''ဟိုကောင်လား''
ESTÁS LEYENDO
💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)
Romance''ခြားနားခြင်းတွေ ဘယ်လောက်များလည်း... နာကျင်ခြင်းတွေ ဘယ်လောက်များလည်း... အရာရာဟာ ပြောင်းလဲသွားခဲ့လည်း... နှလုံးသားတွေ မပြောင်းလဲခဲ့တဲ့အခါ ကိုယ်တို့ကျိန်းသေထပ်ချစ်နိုင်ကြတယ်....၊ မိုင်ပေါင်းများစွာ ဝေးကွာခဲ့ရလည်း ဒီနှောင်ကြိုးတွေဟာဖြင့် ဘယ်အခါမှ မပြယ...