Part 45

7.8K 212 2
                                    

Unicode ver

''ဘယ်လို!
သမီးဆီမှာ သားရဲ့ရင်သွေးလေးရှိနေပြီဟုတ်လား´´

''ဟုတ်တယ် သမီးတို့လည်းသိရတာ၃ရက်ပဲရှိသေးတာမို့ အန်ကယ့်ကိုမပြောရသေးတာပါ´´

''ဟား! ဒယ်ဒီဝမ်းသာလိုက်တာကွာ
ဒီတစ်ခါတော့သေချာဂရုစိုက်ကြနော် သိလား´´

''ဟုတ်ကဲ့၊ဒါနဲ့ အိန်ဂျယ်လ်လေးပြန်သွားပြီလား´´

''အင်း ဒီရောက်တာကြာတော့သူ့အမေကိုလွမ်းနေတာ၊ဟိုမှာကျောင်းလဲပြန်တက်ရတော့မယ်လေ´´

''သမီးကလေဆိပ်အထိလိုက်ပို့ပေးမယ်ပြောထားတာ´´

''ဪကွယ် သမီးလေးလည်းနေမှမကောင်းတာ သူထပ်လာလည်ဦးမှာပါ...ကဲ!ဒါဆို ဒယ်ဒီပြန်လိုက်ဦးမယ်၊companyမှာ အရေးကြီးတဲ့အစည်းအဝေးရှိလို့´´

''ဟုတ်ကဲ့ ဂရုစိုက်ပြန်နော် အန်ကယ်´´

သူ့အဖေပြန်သွားသည်ကို မောင်ကအသေအချာလှမ်းကြည့်နေ၏။ပြီးတော့သည်းသက်ဘက်လှည့်ကာ ဆံပင်လေးတွေဖွဖွလာသပ်တင်ပေးရင်းမှ...

''အသည်း´´

''ဟင်!´´

''မောင် ပြောစရာတစ်ခုရှိတယ်´´

''ပြောလေ မောင်ရဲ့´´

''ကလေးက အရင်အတိတ်အကြောင်းတွေကိုမေ့နေတယ်လို့ မောင့်ကိုပြောဖူးတယ်နော်´´

အတိတ်အကြောင်းနဲ့ပတ်သက်ပြီးစကားစလာတာမို့ သည်းသက်မောင့်မျက်နှာဆီတစ်ချက်မော့ကြည့်လိုက်မိသည်။ထို့နောက် ရင်ခွင်ကျယ်ကြီးထံမျက်နှာလေးအတင်းတိုးဝှက်လိုက်ပြီး...

''ဟုတ်တယ်လေ အဲ့ဒါဘာဖြစ်လို့လဲ´´

''အသည်းအဲ့ဒီ့အတိတ်ကအကြောင်းတွေကိုပြန်သိချင်လားဟင်...ဒေါက်တာကပြောတယ်၊အဲ့ဲဒီမှတ်ဉာဏ်တွေကိုပြန်ရှာဖွေဖို့ ကုထုံးရှိတယ်တဲ့´´

''မာမီပြောတာတော့ ငယ်ဘဝအကြောင်းတွေကသိပ်ပြီးထူးခြားမှုမရှိပါဘူး၊အသည်းကျောင်းတက်တယ်...စာကျက်တယ်၊ကစားတယ် ဒီအတိုင်းပုံမှန်လည်ပတ်မှုလေးပါပဲ...ကုထုံးသုံးပြီးပြန်ရှာဖို့လောက်အထိမလိုဘူးထင်ပါတယ်´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Tempat cerita menjadi hidup. Temukan sekarang