Part-25

11K 254 1
                                    

Unicode ver

''ဒါကဘာတွေဖြစ်နေရတာလဲ´´

အိမ်ထဲဝင်ဝင်ချင်းကြားလိုက်ရသည့်စကားသံကြောင့် အမြင်တွေမသဲမကွဲနှင့်ပင်တစ်ချက်လှမ်းကြည့်တော့ ဧည့်ခန်းမှာရပ်စောင့်နေသည်က ဦးနေမျိုးဆက်။အရင်ရက်တွေကတည်းက တောက်လျှောက်ဖုန်းတွေခေါ်နေခဲ့တာသူသိပေမယ့် ဂရုလည်းမစိုက်နိုင်။အခုအိမ်အထိရောက်လာလည်း သူ့မှာစကားတစ်ခွန်းမှတောင်ပြောဖို့အင်အားရှိမနေပါချေ။

''မင်း ဘယ်လိုများတောင်လုပ်ခဲ့လို့သမီးလေးက အခုလောက်အထိခါးခါးသီးသီးဖြစ်သွားရတာလဲ´´

''ဘာမှပြောစရာမရှိဘူး
ကျုပ်အိမ်ကထွက်သွား´´

သားဆီကစကားလုံးတွေဟာ ကြာလေကြာလေပိုရင့်သီးလာခဲ့၏။အရင်၁၀နှစ်လုံးလည်း သားအဖကဆက်ဆံရေးကဒီလိုရှိခဲ့ပေမယ့် အခုတော့သမီးလေးနဲ့ပတ်သက်ပြီးသားစိတ်တွေနူးညံ့လာမယ်၊ပြောင်းလဲလာမယ်လို့ သူမျှော်လင့်ခဲ့ဖူးသည်။အခုတော့ ဒါသည်လည်းအရာမထင်။

နှစ်ယောက်ကြားမှာရှိခဲ့တဲ့အနှောင်အဖွဲ့..။နှစ်ဖက်မိသားစုအတွက်ပထမဆုံးမျိုးဆက်ဖြစ်လာမယ့်ကလေးကိုလည်းဆုံးရှုံးလိုက်ရတယ်။အခြေအနေတွေကိုဘာမှသေချာမသိလိုက်ခင်မှာပဲ သားရဲ့ကွာရှင်းပြတ်စဲခြင်းက သတင်းမှာရောက်နေပြီ။

သို့သော် ဦးနေမျိုးဆက်အနေနဲ့အရမ်းကြီးတုန်တုန်လှုပ်လှုပ်ဖြစ်မနေခဲ့သည်က Mr.Lu Weiတို့ရဲ့ရှယ်ယာတွေဟာ ကုမ္ပဏီမှာအရင်အတိုင်းရှိနေ၍...။အစကတည်းက ဒီလိုအကျိုးအမြတ်ပူးပေါင်းမှုတွေအတွက် မင်္ဂလာပွဲကိုသူကိုယ်တိုင်စပြီးကမ်းလှမ်းခဲ့တာဖြစ်သည်။လက်ထပ်ပြီးတဲ့နောက် သူပိုင်သမျှလုပ်ငန်းတွေမှာ Ruby Areaရဲ့ရှယ်ယာပါဝင်မှုစာရင်းက ဒုတိယအများဆုံးဖြစ်ပြီး လုပ်ငန်းပိုင်ဆိုင်ရာထောက်ပံ့မှုတွေလည်းမနည်းခဲ့ပေ။

အခုသားနဲ့သမီးကွာရှင်းလိုက်တယ်ဆိုပေမယ့် လုပ်ငန်းနဲ့ကိုယ်ရေးကိုယ်တာက တစ်ပိုင်းစီလို့ Mr.Lu Weiကပြောခဲ့တာကြောင့် တကယ်တော်ပါသေး၏။

''မင်း ဘယ်ကပြန်လာတာလဲ´´

အမေးစကားကိုတုံ့ပြန်ခြင်းမရှိဘဲ ယိုင်တိယိုင်တိုင်ခြေလှမ်းတွေဟာအပေါ်ထပ်ကိုဆက်တက်သွားလေ၏။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now