Part-35

10K 245 5
                                    

Unicode ver

'သူ့သည်းသက်´ဟာ တကယ်ရှိခဲ့တဲ့မိန်းကလေးတစ်ယောက်ပဲ။

သူမက Mr.Lu Weiနဲ့Mrs.Rosy Luတို့ရဲ့သမီးဖြစ်သလို Ruby Areaလုပ်ငန်းစုရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူလည်းဖြစ်တယ်။ဒါပေမဲ့ သူမက အသက်၁၇နှစ်အရွယ်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တယ်။ဂုဏ်သိက္ခာပိုင်းအရ ဒါကိုလူသိမခံချင်ခဲ့တဲ့မိဘတွေက သတင်းအမှောင်ချထားဆဲကာလမှာ ဘယ်ကမှန်းမသိ၊ဘယ်သူဘယ်ဝါမှန်းမသိတဲ့...သူ့သမီးနဲ့ရွယ်တူကလေးမလေးတစ်ယောက်ကိုမွေးစားပြီး ထိုကလေးမရဲ့အမာရွတ်တွေအပြည့်နဲ့မျက်နှာနေရာမှာ သူတို့သမီးနဲ့တထပ်တည်းတူတဲ့မျက်နှာကို ပလပ်စတစ်ဆာဂျရီအဆင့်ဆင့်နဲ့ပြောင်းပစ်ခဲ့တယ်။ပြီးတော့ Areaမျိုးဆက်ရဲ့အမွေခံသူ့သည်းသက်အဖြစ် လူစားထိုးပျိုးထောင်ခဲ့တယ်။

ဒါဟာ ဝင်ကစွပ်ကောင်လေးလို ရှင်သန်မှုပဲ။

နားလည်လိုက်တဲ့အရာများကြောင့် ကောင်းကင်အကြီးအကျယ်တုန်လှုပ်ကာ ရင်တစ်ခုလုံးလည်းပူလောင်နေ၏။ဒီအချိန်အထိ အသည်းဟာ ဩငယ်ဆိုတဲ့အချက်အလက်အတိအကျမပါသေးသော်လည်း ဒဏ်ရာတွေနဲ့မျက်နှာဆိုတာကတော့ ဖြစ်နိုင်ချေတစ်ခုကိုညွှန်ပြနေသည်။ဩငယ်ဟုတ်သည်၊မဟုတ်သည်ကထားဦး...အခုဒီလိုထိတ်လန့်စရာကောင်းလွန်းတဲ့ဆိုးရွားခြင်းတွေရင်ဆိုင်ခဲ့ရတဲ့ကလေး...၊ဒဏ်ရာတွေအများကြီးနဲ့ကိုယ့်ကိုကိုယ်တောင်မသိနို်င်တော့တဲ့အထိ နာကျင်ခဲ့ရတဲ့ကလေး...ပြီးတော့ သူတို့လိုချင်တဲ့မျက်နှာအတိုင်းပုံစံတကျဖြစ်လာဖို့ အသားပေါ်ကိုအကြိမ်ကြိမ်ဓားနဲ့ခွဲပြီး operationအဆင့်ဆင့်အလုပ်ခံခဲ့ရတဲ့ သနားစရာလေးက...သူ့အသည်းဆိုတာတော့သေချာနေတာပဲမဟုတ်လား။

ဟား!!
ဟာကွာ!

ရင်ထဲယူကျုံးမရခြင်းများစွာနဲ့အတူ မရပ်တည်နိုင်တော့သောခြေထောက်တွေက ညွှတ်ခွေကျသည်။

သူမသိခဲ့ဘူး။အသည်းဆီမှာလည်း ဒီလိုနာကျင်ရတဲ့အတိတ်တွေရှိနေခဲ့မယ်ဆိုတာကိုပေါ့။

သူထင်ခဲ့တာက အသည်းကဒီအတိုင်း ရွှေဘုံစံသူဌေးသမီးလေးဖြစ်ပြီး ဘဝကိုစိတ်တိုင်းကျဖြတ်သန်းပျော်ရွှင်ခဲ့ရတဲ့မိန်းကလေးလို့လေ။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Onde histórias criam vida. Descubra agora