Part 46

7.3K 221 5
                                    

Unicode ver

''ကလေးရေ!´´

''ဒေါက်! ဒေါက်!´´

''မောင့်ကလေးလေး!!
မောင်ဝင်လာပြီနော်´´

အခန်းတံခါးကနေ နှစ်ချက်ခေါက်၍အသံပြုသည်။ဘဝမှာတစ်ခါမှမပြောဖူးသည့်လေသံက သကာပေါ်ပျားရည်လောင်းရုံမက နို့ဆီသကြားပါအရံသင့်ဖြူးထည့်ပြီး တတ်နိုင်သမျှချိုအီထားပေမယ့် အသည်းပေါက်စကစိတ်ကြီးလွန်းသည်။အဖတ်လုပ်ပြီး ဘာတစ်ခွန်းမှတောင်ပြန်ဖြေဖော်မရတာကြောင့် သူပဲအခန်းတံခါးလေးအသာဟကာ ဝင်လာခဲ့လိုက်၏။လက်ထဲကခေါက်ဆွဲကြော်ပန်းကန်ကိုလည်း ဘေးကစားပွဲလေးပေါ်တင်ပြီး အခြေအနေကိုအကဲခတ်သည်။

သူမကကိုယ်လေးတစ်ဖက်စောင်းလှည့်ကာငြိမ်သက်နေဆဲ။မဟုတ်မှ ကလေးတကယ်ကြီးများ အိပ်ပျော်နေတာလား။နိုးနေလျက်နဲ့တော့ ကိုယ့်ယောကျ္ားကိုဒီလောက်ကြီးအထိ ဥပေက္ခာမပြုတန်ရာ။

ထိုအတွေးကြောင့် သူ ကလေးအနားအမြန်လျှောက်သွားလိုက်ပြီး ကုတင်၌ဝင်ထိုင်ကာ တစ်ဖက်လှည့်ထားသည့်မျက်နှာလေးက လိုက်ငုံ့ကြည့်၍...

''ကလေး!
အသည်းလေး!´´

''အင်း!´´

ဟော! လူဆိုးမလေးကတကယ်အိပ်ပျော်နေတာပဲ။လူကို နေမထိထိုင်မသာအောင်ပစ်ထားပြီး သူကျအိပ်နေသတဲ့။ကောင်းသေးသလား အမိရဲ့။

တွေးကာရယ်ချင်သွားရပေမယ့် အိပ်နေပုံလေးကိုကြည့်ပြီး အလိုမကျဖြစ်ရပြန်တာမို့ ပုခုံးလေးမှဖွဖွဆွဲဖက်ကာ ခန္ဓာကိုယ်လေးကိုအသာလှည့်ယူလိုက်ပြီး...

''အသည်း ဒီဘက်လှည့်အိပ်နော်ကလေး လိမ္မာတယ်
ဘယ်ဘက်ကိုစောင်းပြီးအိပ်ရမယ်နော်...ဒီလိုကခြေထောက်လေးတွေဖောယောင်တာသက်သာစေတယ်တဲ့၊ပြီးရင် မောင်တို့ဘေဘီလေးဆီoxygenလည်းကောင်းကောင်းရောက်တယ်´´

အနားမှာတရစပ်ပြောနေတော့ သူမကမျက်လုံးလေးဖွင့်ကာမော့ကြည့်လာ၏။

''ဘေဘီလေးက ၂လပြည့်တော့မှာဆိုတော့ နောက်လရင့်ပိုင်းတွေအတွက် အကျင့်ရအောင်ပြောတာပါ မောင်က´´

''ဟုတ်´´

''အသည်း ခဏထပါဦးကလေးရဲ့
ဒီနေ့ခေါက်ဆွဲကြော်စားချင်တာဆို မောင်ဝယ်ခဲ့တယ်လေ´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now