Part-24

11.4K 252 1
                                    

Unicode ver

''အသည်း!!
အသည်း! မသွားပါနဲ့၊မောင်တောင်းပန်ပါတယ် တောင်းပန်ပါတယ်´´

နှုတ်မှတရစပ်ရေရွတ်လျက် သူ့ခြေလှမ်းကျဲတွေကသူမရှိရာဆီရောက်ရှိသွားရရင်း အနောက်ဘက်မှနေ၍ သူမကိုယ်လေးကိုဆွဲဖက်ထားလိုက်၏။ကျောပြင်သေးသေးလေးဟာ သူ့ရင်ခွင်ကျယ်ထဲနစ်မြုပ်သွားရသော်လည်း ဘာတုံ့ပြန်မှုမှမရှိစွာ ငြိမ်ရပ်နေရင်းမှ...

''လက်လွှတ်´´

''မဟုတ်ဘူး
အသည်းရယ် မောင်နဲ့စကားလေးနည်းနည်းလောက်ပြောပါဦးကွာ´´

''......´´

''မောင်တို့ကလေးလေးကိုလည်းဆုံးရှုံးခဲ့ပြီပြီလေ...မင်းကပါ...မင်းကပါဒီလိုမျိုးတော့မလုပ်ပါနဲ့ကွာ...အဲ့လောက်အထိမရက်စက်ပါနဲ့ မောင်တောင်းပန်ပါတယ်´´

''....´´

''ဒီကိုကြည့်
မောင့်မျက်နှာကိုကြည့်!´´

စိတ်လွတ်နေသူလို စကားတွေတောက်လျှောက် သူတစ်ယောက်တည်းတတွတ်တွတ်ပြောကာ သူမကိုယ်လေးကို သူနဲ့မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်တော့ နီညိုရောင်တွေကအသက်မဲ့စွာမော့ကြည့်လာ၏။သို့သော်ဘာစကားမှမပြောသည်ကို သူကပဲဆက်၍...

''မကျေနပ်ဘူးမဟုတ်လား
မောင့်ကိုခွင့်မလွှတ်နို်င်ဘူးဆို ရိုက်...မောင့်ပါးကိုထပ်ရိုက်!´´

လက်ဖဝါးလေးတွေကိုဆွဲကိုင်လှုပ်ရမ်းတော့ သူမကဆတ်ခနဲရုန်းသွားလေ၏။

''ဒါကရော ဘာအိုက်တင်တွေလဲ
ဒါရုိက်တာအလုပ်ထက် မင်းသားပြောင်းလုပ်ကြည့်လည်းရလောက်တယ် အဟင်း!´´

''အသည်း´´

''နင်လိုချင်တာ ဒါမဟုတ်ဘူးလား
ကလေးရလို့လက်ထပ်ခဲ့တာဆို...တစ်နေ့ကျရင် ကွာရှင်းမှာဆို...အခုငါကွာရှင်းပေးနေပြီလေ...နင့်ရဲ့အဲ့ဒီမိန်းမနဲ့ပျော်ပျော်ကြီးနေသွားလို့ရပြီလေ´´

''မင်း မောင့်ကိုအထင်လွဲနေပြီ
မောင်က...´´

''တော်ပါတော့
ဘာမှထပ်ပြီးပြောစရာမရှိတော့တာမို့´´

ပြတ်သားစွာပြောလျက် သူမကကျောခိုင်းကာ ခြေလှမ်းလေးထပ်လှမ်းပြန်သည်။သူလည်းအလျှော့မပေးစွာ လက်ကောက်ဝတ်လေးမှလှမ်းဆွဲ၍ လူတစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ထားလိုက်ပြန်ပြီး...

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora