Extra_1

16.6K 318 15
                                    

Unicode Ver:

''မိန်းမရေ!!´´

''အမလေး! လန့်လိုက်တာ ကောင်းကင်မျိုးဆက်ရယ်
ငါလိပ်ပြာလွင့်သွားဦးမယ်´´

အိမ်ထဲသို့ခြေချသည်နှင့် မိန်းမကိုအူယားဖားယားလှမ်းခေါ်သံကြောင့် ဧည့်ခန်း၌ရှိနေသည့်ယောက္ခမကြီးမှ မျက်စောင်းထိုးလေ၏။

''ဆောရီးပါခင်ဗျ
အန်တီရှိတာမမြင်လိုက်လို့´´

''ဘာဖြစ်လာတာလဲ
အဲ့လောက်အသည်းအသန်´´

''ဪ ဟိုဟာလေ
အသည်းက ရေခဲမုန့်စားချင်တယ်ဆိုပြီးမှာထားလို့၊အရည်မပျော်ခင်မြန်မြန်ကျွေးချင်တာနဲ့...´´

အကဲပိုရန်ကောဟူသည့်အမူအရာနဲ့ မျက်စောင်းကြီးကြီးအရွယ်ခံရပြန်လေသည်။

''ကဲကိုကဲတယ်
အိမ်ပြန်တိုင်းမိန်းမအတွက်ကျမုန့်ပါပြီး ငါ့မြေးအတွက်ကျဘာမှလည်းမပါဘူး´´

''အာ! သားက ပိစိလေးပဲရှိသေးတာကိုဗျာ
သားအတွက်လိုအပ်တာတွေလည်းကျွန်တော်အကုန်ဝယ်ထားပေးပါတယ်´´

တမင်ကျပ်လိုက်သည့်အပြောအား အကြောက်အကန်ဖြေရှင်းချက်ပေးနေတာမို့ ဒေါ်ရိုစီရယ်ချင်စိတ်ကိုမနည်းထိန်းထားရပါသည်။ဒီကောင်လေး အရင်ကဖြင့် အကြောမာမာနဲ့ အခုကျတော့လည်းသမီးကိုအရမ်းပဲသဲသဲလှုပ်ချစ်နေပြန်သည်။သူတို့အိမ်ထောင်ရေးလေးသာယာတော့လည်း မိဘတွေစိတ်ချမ်းသာရတာပေါ့လေ။

''ကဲပါ၊တက်သွားတော့
သမီးက ခုနOnline meetingရှိတယ်ဆိုလား အဲ့ဒါလုပ်နေတယ်´´

''ဟုတ်ကဲ့
ဒါဆို ကျွန်တော်အပေါ်တက်တော့မယ်´´

အပေါ်ရောက်သည်နှင့် အခန်းထဲမှစကားသံလေးတွေကိုကြားနေရသည်။တံခါးကိုညင်ညင်သာသာဖွင့်ဝင်တော့ အသည်းက ဆိုဖာထက်ထိုင်ကာ laptop screenထဲစူးစူးစိုက်စိုက်ကြည့်၍ အလုပ်ကိစ္စတွေညွှန်ကြားနေလေ၏။

''ကလေး
မောင်ပြန်လာပြီ´´

ပြောသည်ကိုလည်းဂရုမစိုက်။လူကိုတစ်ချက်မှလှမ်းကြည့်ဖော်တောင်မရပါ။သူ့shootingပြီးချိန်ကပဲ ည၈နာရီ။အခုအိမ်ရောက်တာ ၉နာရီဝန်းကျင်ကို အသည်းပေါက်ကဒီအချိန်အထိအလုပ်လုပ်နေတုန်းပဲ။ဒီကောင်မလေး စီးပွားရေးနောက်သိပ်လိုက်လွန်းတယ်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora